လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

လွတ်လပ်လှိုင်း ဝိုင်းတော်သားများ

အောင်မော်ဦး (Web Design)

ကျနော်ကတော့ လွတ်လပ်လှိုင်းရဲ့  စာမျက်နှာလေးတွေကို ကြည့်ပျော်ရှုပျော်ဖြစ်အောင် ပြင်ဆင်ရသူပါ။ အိမ်နားက စာကြည့်တိုက်ကိုသွားပြီး ဟိုလှန်သည်လှော၊ ဟိုမေးသည်စမ်းနဲ့၊မှားလိုက်ပြင်လိုက်နဲ့ပါ။ လိုအပ်ချက်လေးတွေတွေ့တဲ့အခါထောက်ပြပေးကြပါ။

Article 4
အာကာဦး(ပန်းချီဆရာ)

လွတ်လပ်လှိုင်းရဲ့  ပန်းချီဆရာ အာကာဦးပါ။ ကဗျာတွေ၊ စာတွေကို ဖတ်ရတဲ့သူတွေ စိတ်ကြည်နူးမှုရအောင်လို့ ကျနော့်ရဲ့  သရုပ်ဖော်ပန်းချီပုံကလေးတွေနဲ့ ကြိုးပမ်းကြည့်ချင်ပါတယ်။

Article 3
ဝဏ္ဏဇော်(ပန်းချီဆရာ)

လွတ်လပ်လှိုင်းရဲ့  ပန်းချီဆရာ ဝဏ္ဏဇော်ပါ။ ကျနော်တို့ဆွဲတဲ့ ပန်းချီသရုပ်ဖော်ပုံကလေးတွေနဲ့ လွတ်လပ်လှိုင်းဟာ ဖွယ်ဖွယ်ရာရာရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Article 2
မောင်စိုးသစ် (အယ်ဒီတာ)

လွတ်လပ်လှိုင်းရဲ့  အယ်ဒီတာ မောင်စိုးသစ်ပါ။ ကျနော်က လွတ်လပ်မှုကို တပ်မက်တာမို့ လွတ်လပ်လှိုင်းမှာ ကျရာတာဝန်ကျေပွန်ဖို့ ကြိုးစားသွားမှာပါ။

Article 2
ခင်လွန်း (အယ်ဒီတာ)

လွတ်လပ်လှိုင်းရဲ့  အယ်ဒီတာ ခင်လွန်းပါ။ ကျနော် ယုံကြည်ရာ၊ ကျနော် စုံမက်ရာ အတွက်ဆို ကျေးကျွန်တယောက်လို အောက်ခြေသိမ်းလုပ်ပေးချင်တာ တခုပါပဲဗျာ။ နောက်ထပ် ဘာမှမရှိပါဘူး။

Article 0
မောင်အံ့မောင်(ဘဏ္ဍာရေးမှူး)

ကျနော်ကတော့ လွတ်လပ်လှိုင်းရဲ့  ဘဏ္ဍာရေးမှူးပါ။ စာဖတ်ရတာ၊ စာပေဟောပြောပွဲတွေ နားထောင်ရတာ၊ ကဗျာရွတ်သံတွေနားထောင်ရတာ ကျနော့်အတွက် စိတ်ကြည်နူးမှုကို ရရှိစေပါတယ်။

Article 0