စာအုပ်စင် ကဏ္ဍ

admin

“စာအုပ်စင် ကဏ္ဍ”မှာတော့ ထုတ်ဝေပြီးဖြစ်တဲ့ စာအုပ်တွေကို ထားရှိဖို့ ရည်ရွယ်ထားပါတယ်။

ဘလော့ဂ်တချို့ မှာတော့ တချို့ စာအုပ်တွေကို PDF ဖိုင်နဲ့တင်ထားတာမျိုးတွေ တွေ့ဖူးပါတယ်။

ကျနော်တို့အနေနဲ့တော့ အဲဒီ PDF ဖိုင်နဲ့လုပ်ထားတဲ့ စာအုပ်တွေကို လှန်လှောဖတ်ရှုရတာအဆင်ပြေအောင်လို့ eBook ပုံစံနဲ့ ပြန်တင်ပေးဖို့ စိတ်ကူးထားပါတယ်။ အထူးသဖြင့် စမတ်ဖုန်းတွေနဲ့ Tablet တွေ အသုံးများကြတဲ့ စာဖတ်သူတွေအတွက် ဖတ်ရှုရတာ ပိုသက်သောင့်သက်သာရှိစေလိုရင်း ဖြစ်ပါတယ်။ (နမူနာအဖြစ် “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း”ကို eBook လုပ်ပေးထားပါတယ်။)

စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အများဖတ်စေလိုတဲ့ စာအုပ်တွေကို ဒီ စာအုပ်စင်ကဏ္ဍမှာ လာရောက်ထားရှိကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ စာအုပ်တွေကို PDF ဖိုင်နဲ့ ပေးပို့တဲ့အခါ File Size ကို 128 MB ထက်မကျော်စေဘဲ ပေးပို့ကြစေလိုပါတယ်။

စာအုပ်တွေကို အောက်ပါ အီးမေးတခုခုကို လိပ်မူပြီး ပေးပို့နိုင်ပါတယ်။

အယ်ဒီတာအဖွဲ့ –

editor@thefreedomwave.com

ခင်လွန်း (အယ်ဒီတာ) –

khinlunn@thefreedomwave.com

မောင်စိုးသစ် (အယ်ဒီတာ) –

mgsoethit@thefreedomwave.com

တခုခု သိချင်လို့ မေးမြန်းစုံစမ်းလိုတဲ့အခါ –

info@thefreedomwave.com

အယ်ဒီတာအဖွဲ့

လွတ်လပ်လှိုင်းမဂ္ဂဇင်း