လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စာမျက်နှာနှင့်ပတ်သက်၍ …

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်တဲ့ စာမျက်နှာတခုကို လွတ်လပ်လှိုင်းရဲ့  ဥပစာမှာ ဖွင့်လှစ်ထားရှိရတဲ့ တခုတည်းသောအကြောင်းကတော့ ဗမာပြည်နိုင်ငံရေးမှာ အဓိကကျတဲ့ နိုင်ငံရေးအင်အားစုတခုကို ရှိသင့်ရှိအပ်တဲ့အဆင့်နေရာမှာ သမိုင်းတန်ဖိုးနဲ့အညီ နေရာပေးလိုရင်းဖြစ်ပါတယ်။

ဒီစာမျက်နှာမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  လှုပ်ရှားမှုတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ပြောဆိုရေးသားချက်တွေကို ဖော်ပြသွားဖို့ ရည်ရွယ်ထားပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက  ထုတ်ဝေနေတဲ့ စာစောင်တွေကိုလည်း ထပ်ဆင့်ဖော်ပြပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုလုပ်ရတဲ့ တခုတည်းသောအကြောင်းကလည်း မျိုးဆက်တိုင်းကို များများလေ့လာခွင့်ရရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့  ထုတ်ပြန်ကြေညာချက်တွေ၊ အခြားရေးသားဖော်ပြချက်တွေနဲ့ ရုပ်သံမှတ်တမ်းဖိုင်တွေကို ပေးပို့ဖို့နဲ့ လက်လှမ်းမီရာနေရာတွေကနေ ကူးယူဖော်ပြခွင့်ပြုဖို့ကိုလည်း တပါတည်း မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။ ဒီ ပန်ကြားချက်နဲ့အတူ အထက်က အချက်အလက်တွေကို ပေးပို့တဲ့အခါ Microsoft Word ပေါ်မှာ ဇော်ဂျီဖောင့်အမျိုးအစားနဲ့ စာရိုက်ပြီး ပေးပို့ဖို့ကိုလည်း ထည့်သွင်းပြောကြားလိုပါတယ်။

စာမူတွေကို အယ်ဒီတာအဖွဲ့ရဲ့  အီးမေး(၃)ခုကို လိပ်မူ ပေးပို့နိုင်ပါတယ်။

အယ်ဒီတာအဖွဲ့ –
editor@thefreedomwave.com

ခင်လွန်း (အယ်ဒီတာ) –
khinlunn@thefreedomwave.com

မောင်စိုးသစ် (အယ်ဒီတာ) –
mgsoethit@thefreedomwave.com

တခုခု သိချင်လို့ မေးမြန်းစုံစမ်းလိုတဲ့အခါ –

info@thefreedomwave.com

အယ်ဒီတာအဖွဲ့
လွတ်လပ်လှိုင်းမဂ္ဂဇင်း