ဘာလဲဟဲ့(ဓနရှင်)ဒီမိုကရေစီ –
ဦးအေးဆောင်

ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းနေပြီ၊” “ ချီတက်နေပြီ” “လူထုအစိုးရ” “လူထုရွေးကောက်ထားတဲ့ အစိုးရ” ဆိုတဲ့ စကားတွေ မကြာခဏကြားရတော့ ဘာတွေက ဘယ်လိုဖြစ်လို့ ဒီလိုပြောနေကြတာလဲ ဆိုတာ စိစစ်ဖို့ လိုလာတော့တယ်။ ဒီအော်သံတွေက ၂ဝဝ၈ ခြေဥရဲ့ အောက်မှာဆိုတော့ တုံးအောက်ကဖါးတွေရဲ့ အော်သံတွေနဲ့ တူနေတော့တယ်။

အရင် အစိုးရ” “အခု အစိုးရ” ဆိုတာလည်း ထပ်တလဲလဲကြားရပြန်တော့ အရင်နဲ့ အခု မတူတော့ သလိုလို ဖြစ်နေလို့ ဘယ်မှာ မတူတာလဲ ဆိုတာကိုလည်း နှိုင်းယှဉ် ကြည့်ရတော့မယ်။ ပုံသဏ္ဌာန်တွေ၊ ဝတ်စုံတွေ၊ လူတွေ၊ နာမည်တွေ၊ ဘွဲ့ထူးတွေ၊ အခေါ်အဝေါ်တွေ ပြောင်းကြပေမဲ့ လူထုမှာက အရင်ကလို ဝမ်းကမဝ၊ ဘဝကမလုံခြုံ ဘယ်သူ့ကို အဖေခေါ်ရမှန်းမသိ၊ အမေခေါ်ရမှန်းမသိ စစ်အာဏာရဲ့ အရိပ်မဲအောက်မှာ ကြိမ်မီးအုံးသလိုဘဝတွေ၊ နေစဉ်နဲ့ အမျှ ကျေပြုန်းနေကြရတုန်းပါဘဲ။ တိုင်းပြည်ကို ရတဲ့ ဈေးနဲ့ ရောင်းစားထားလို့လည်း အကြွေးတွေလည်း တနင့်တပိုး ဖြစ်နေရသေးတယ်။

စ်အာဏာရှင်တွေ ရေးဆွဲထားတဲ့ ၂ဝဝ၈ခြေဥဟာ စစ်အာဏာရှင်ကို ကာကွယ်စောင့်ရှောက်တဲ့ ခြေဥဆိုတာကို တကယ်သဘောပေါက်ရင် ဒီခြေဥကို ဘာကြောင့် လက်ခံခေါင်းငြိမ့် ရိုကျိုး ဒူးထောက်ခဲ့ကြပါသလဲ။ အကြောင်းပြနိုင်တာက  တိုင်းပြည်မနစ်နာအောင်လို့ ဆိုမှာဘဲ၊ တိုင်းပြည်က အခုတော့ မနစ်နာတော့ဘူးလား၊ ရှေ့အလားအလာကကော ကောင်းနိုင်စရာရှိပါသလား။ တိုင်းပြည်ဟာ စစ်အာဏာရှင်တွေ ရာစုနှစ်ဝက်ကျော်ဖျက်ဆီးခဲ့လို့ ပျက်စီးနေရပြီ။

ခုလည်း စစ်အာဏာက ၂ဝဝ၈ ခြေဥအနေနဲ့ ကြီးစိုးမင်းမူစဲ ဖြစ်လို့ တိုင်းပြည်ရဲ့ အခွင့်ထူးတွေကို စစ်အာဏာရ အသိုင်းအဝိုင်းတွေဘဲ ခံစားစံစားနေတာပါ။ တိုင်းပြည်ဟာ တရုတ်ရဲ့ ကိုလိုနီလိုဖြစ်နေပြီ၊ လူတွေလည်း စစ်ကျွန်ဘဝ ကနေ အသက်ရှုချောင်စရာမရှိဖြစ်နေကြပြီ။ အခု တော့ အရင်က မရှိဘူးသေးတဲ့ နှိပ်စက်ရေးဥပဒေတွေကို လက်တွေ့အသုံးချပြီး ပြည်သူတွေကို ပိုပိုဖိနှိပ် နေတော့တယ်။

တိုင်းပြည်ဟာ မြေကိုချုပ်ကိုင်ကြီးစိုးထားတဲ့ စစ်မြေရှင် စစ်ဘုရင်မင်းဆက်တွေက အုပ်စိုးသွေးစုပ် နေတာကို ခံနေရတာပါ။ နိုင်ငံခြား အရင်းရှင်တွေနဲ့ပေါင်းပြီး အရင်းရှင်ယောင် ဆောင်နေပေမဲ့ စစ်ဗိုလ်ချုပ် တွေကမြေကို ချုပ်ကိုင်ရင်း စစ်ဘုရင် အမြင်နဲ့ဘဲ ကြီးစိုးမင်းမူနေပါတယ်။ ဒါကို မမြင်ဘဲ အရင်းရှင် ခေတ် ရောက်တော့ မလိုလို၊ ရောက်နေသလိုလို ပြောဆိုစဉ်းစား လုပ်ကိုင်နေတာဟာ စစ်အာဏာကို ထောက် ကူပံ့ပိုးတာကလွဲလို့ တခြား ဘာမှ မဖြစ်နိုင်ပါ။ ခေတ်က စစ်ပဒေသရာဇ် ခေတ်၊ စစ်ဘုရင်ခေတ်ပါဘဲ။ ဒီနေ့ NLD အမည်ခံအစိုးရက ကျင့်သုံးတဲ့ ဒီမိုကရေစီက “ ကြိုးတန်းလန်း ဒီမိုကရေစီ”သာဖြစ်တယ်။

ရင်းရှင် ဓနရှင်ခေတ် ရောက်ဖို့ ဆိုရင် ဓနရှင်ခေတ်ရဲ့ အခွင့်အရေး တွေ ဖြစ်တဲ့ ပုဂ္ဂလိက မြေ ယာကအစ ပိုင်ဆိုင်ခွင့် တွေရှိရမယ်၊ နိုင်ငံရေးလွတ်လပ်ခွင့်ရှိရမယ်၊ လွတ်လွတ်လပ်လပ် ဆန္ဒထုတ် ဖော်ခွင့်ရှိရမယ်။ သတင်းလွတ်လပ်ခွင့်၊ ဆက်သွယ်ရေး လွတ်လပ်ခွင့်၊ အစိုးရကို ရွေးချယ်တင်မြှောက်ခွင့်၊ ဖြုတ်ချခွင့် တွေ ရှိရမယ်။ အခုတော့ ဟန်ပြလွှတ်တော်နဲ့၊ အစိုးရတုတွေ အပြင် မြေသိမ်းယာသိမ်းတွေ၊ ပုဒ်ထီး၊ ပုဒ်မတွေနဲ့ လူထုမှာ အချုပ်အချယ်ခံရသလို ၊ မထင်ရင် မထင်သလို သတ်ဖြတ်တတ်တဲ့ မာဖီးယား ဂိုဏ်းဆန်ဆန် အုပ်ချုပ်မှုအောက်မှာ( ဓနရှင် ) ဒီမိုကရေစီလို့ မျက်စိမှိတ်အော်နေတာဟာ နိုင်ငံရေးအရ တုံးအ, ရာကျတယ်။ ဒီနေ့ အခေါ်အားဖြင့် “စစ်လော်ဘီ” တွေဘဲ ဖြစ်နိုင်တယ်။ လက်ရှိဖြစ်နေတာက သက်ဦးဆံပိုင် စစ်ဘုရင်ခေတ် လို့တောင်ဆိုနိုင်တယ်။

ဒီတော့ တိုင်းပြည်နာမှာ စိုးလို့ တော်လှန်ရေး မလုပ်ဘဲ တရွှေ့ရွှေ့ ဖြစ်စဉ်နဲ့ သွားမယ်ဆိုတဲ့ အမြင်ကို ထည့်မတွက် မဆန့်ကျင်လို့ မရ တော့ပြန်ဘူး။ ၈၈ လူထုအုံကြွမှုကြီး ဆုံးရှုံး ရတာ တော်လှန်ရေး အမြင်မရှိဘဲ ရှေ့ဆောင်သူတွေ အချောင်သမားဝါဒ ဆန်ဆန် တရွှေ့ရွှေ့ ဖြစ်စဉ်ကို အားကိုးခဲ့ကြလို့ဘဲ။ ၈၈ ကနေတွက်ရင် အနှစ် ၃ဝ ရောက်တော့မယ် တိုင်းပြည်ဘယ်ရောက်နေလဲ။ ပြန်ကြည့်ပါ။ တော်လှန်ရေးက တိုင်းပြည်ကို ဘယ် လိုအလျှင် အမြန်တိုးတက်စေ သလဲ သိချင်ရင် အမေရိကန်တော်လှန်ရေး၊ ရုရှား တော် လှန်ရေး၊ တရုတ် တော်လှန်ရေး၊ ကျူဘားတော်လှန်ရေး ၊ဗီယက်နမ်တော်လှန်ရေးတွေကို ကြည့်ပေါ့။ တရွှေ့ရွှေ့ ဖြစ်စဉ်ဟာ ခုန်ပျံဖေါက်ထွက်တဲ့ သဘာဝ ဖြစ်စဉ်ကို မေ့လျှော့စေတာဖြစ်တယ်။ သဘာဝမကျဘူး။ ရေဆူရတာ၊ ကြက်ဥ ပေါက်တာ၊ သန္ဓေမွေးဖွါးတာတွေကို ကြည့်ပေါ့။

ဒီ တော့ တော်လှန်ရေး သဘောတရားကို ပိုမို လေ့လာကြရမယ်။တော်လှန်ရေး အတွက် ပြင်ဆင်ကြရမယ်။အရင်းရှင် ဒီမိုကရေစီ ရရှိရေးအတွက် အရင်းရှင်တွေကို အားကိုးပြီး ခေါင်းဆောင်တင်ရမလား ဆိုတာကိုလည်း အသေ အချာ လေ့လာသဘောပေါက် ထားသင့်တယ်။ အရင်းရှင်တွေ၊ ဓနရှင်ပေါက်စ တွေဟာ တကိုယ်ကောင်း ဆန်သလို အကျဉ်းအကြပ်ရောက်ရင် ရန်သူဘက် ပင်းသွားတတ်ကြတယ်၊ ဒေါ်စု ဟာ နောက်ဆုံးပေါ် အကြီးမားဆုံး ထင်ရှားတဲ့ ဥပမာဘဲ။ တိုးတက်တဲ့ အမျိုးသားဓနရှင်နဲ့ ဓနရှင်ပေါက်စ ပညာတတ်တွေကိုတော့ ကြားထားစည်းရုံးရမှာဘဲ။

ဒီနေ့က စစ်အာဏာရှင်နဲ့ သူ့လက်ပါးစေ လက်ဝေခံတွေကို အဓိကထားဦးတည်တိုက်ရမှာပါ။ အဖိနှိပ်ခံ လူတန်စားတွေနဲ့ တိုင်းရင်းသားတွေက များပြားလှပြီး ၊ ဖိနှိပ်သူ စစ်အာဏာ ရှင်တွေက လက်တဆုတ်စာဘဲရှိပါတယ်။ အဖိနှိပ်ခံတွေဘက် ဖေါက်ပြန်သူတွေက စစ်အာဏာကို အကျိုးပြုနေလို့ စစ်အာဏာက ဆက်လက်ကြီးစိုး နိုင်နေတာသာဖြစ်တယ်။ ဖေါက်ပြန်ရေး အတွေးအခေါ်တွေကို ဖေါ်ထုတ်တိုက်ခိုက်ရေးဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး ပြီးရင် ဒုတိယ အရေးအကြီးဆုံးဖြစ်တယ်။

ဒီနေ့ မြန်မာပြည်ရဲ့ တော်လှန်ရေးလှုပ်ရှားမှုက အသွင်နှစ်မျိုးရှိတယ်။ လူထုတိုက်ပွဲနဲ့ လက်နက် ကိုင်တိုက်ပွဲ။ ဒီတိုက်ပွဲအသွင်နှစ်ခုကို ပေါင်းစပ် ကျင့်သုံးနိုင်မှသာ လက်နက်နဲ့ကြီးစိုးနေတဲ့ စစ်အာဏာကို လူထုအားနဲ့ ဖြိုချနိုင်မှာဖြစ်တယ်။ လူထု အစိုးရ စစ်စစ်ကို လူထုကိုယ်၌က လွတ်လွတ်လပ်လပ် ရွေးချယ် တင်မြှောက် နိုင်မှာဖြစ်တယ်။ အာဏာလည်း အပြည့်အဝ ကျင့်သုံးနိုင်မှာဖြစ်တယ်။ တော်လှန်ရေးကသာ ဒီလိုအာဏာမျိုးကို ပေးနိုင်ပါလိမ့်မယ်။ တခြားနည်းက စနစ်ဟောင်းကို အားပေးမွေးမြူထားသလို တိုးတက်ကြီးပွားရေးကို တာရှည် အနှောက်အယှက်ပေးနေမှာ ဖြစ်တယ်။

စ်အာဏာရှင်တို့ အကျိုးစီးပွားနှင့် ပြည်သူတို့၏ အကျိုးစီးပွားဟာ လုံးဝဆန့်ကျင်ဘက်ဖြစ်နေပြီ။တော်လှန်တဲ့ဆင်းရဲသား ပစ္စည်းမဲ့အမြင်ရှိတဲ့ ပညာတတ်တွေက  တော်လှန်ရေး အဆက်ဆက်မှာ ဦးဆောင်ခဲ့ကြရတယ်။ ကျေးကျွန် ခေတ်က မြေရှင်ပဒေသရာဇ် ခေတ်ရောက်ဖို့ ကျေးကျွန်တွေက တော် လှန်ခဲ့ကြရတယ်။ မြေရှင်တွေက ကျေးကျွန်စနစ်ကို တော်လှန်ကြတာမဟုတ်ဘူး၊ အရင်းရှင် ခေတ်ရောက်ဖို့ မြေရှင် ပဒေသရာဇ်တွေကို မြေကျွန်တွေက တော်လှန်ကြရတယ်၊ အရင်းရှင်၊ ဓနရှင်တွေက တော်လှန်ကြတာ မဟုတ်ဘူး။ ဒီလိုဘဲ မြေရှင် စစ်ဘုရင် ဖြစ်တဲ့ ဒီနိုင်ငံက စစ်ဗိုလ် ချုပ်တွေကိုလည်း အရင်းရှင် ဒီမိုကရေစီရဖို့ အရင်းရှင် ဓနရှင်တွေက ခေါင်းဆောင် ပြီးတော်လှန်မှာမဟုတ်ဘူး၊ ဆင်းရဲသားလူတန်းစား တော်လှန်ရေး အမြင်ရှိတဲ့ ကွန်မြူနစ် စိတ်ဓါတ်ရှိတဲ့ပညာတတ်တွေကဘဲ ခေါင်းဆောင် လုပ်ဆောင်ကြရမှာ ဖြစ်တယ်။

ကယ်တင်ရှင်ကို တမ်းတတတ်တဲ့ အကျင့်ကို ပယ်ဖျောက်ကြ။ သမိုင်းပေးတာဝန်ကို ကိုယ်တိုင် ဦးဆွေးဆံမြည့် ထမ်းဆောင်ကြမှာဘဲ။

အဖိနှိပ်ခံတို့ ညီညွတ်ကြ။
ဖောက်ပြန်ရေးအချောင်သမားဝါဒကို ဆန့်ကျင်ကြ။
ဒီမိုကရေစီတော်လှန်ရေး မုချအောင်ရမည်။

ဦးအေးဆောင်
ဇူလိုင် ၂၊ ၂ဝ၁၇။