လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

က​လေး​​တွေက ဂိမ်း လူကြီး​တွေက ဘိန်း – မိုးဦးဆွေညိန်း

က​လေး​​တွေက ဂိမ်း လူကြီး​တွေက ဘိန်း

တစ်​ ​နေရာယူက​နေ အစချီ
ငါးဆိုတာနဲ့ ဒိုင်းကနဲပစ်​ချ
စစ်​တိုက်​တမ်းကစားနည်းနဲ့
ငယ်​ဘဝ​​ပျော်​ရွှင်​ခြင်းမှာ

က​လေးဂိမ်းဟာ
လက်​နက်​ကိုင်​အနိုင်​ကျင့်​ခြင်း မပါ
ချောင်​ပိတ်​ရိုက်​ ညှဉ်းပမ်းနှိပ်​စက်​ခြင်း မပါ
သူလျှိုဒလံ သတင်း​ပေးခြင်း မပါ
ဓားစာခံဖမ်း အ​ပေးအယူလုပ်​ခြင်း မပါ

လူထုကို ခံကတုတ်​လုပ်
ဆက်ေ​ကြး​တောင်းဓားပြတိုက်ခြင်း မပါ
လက်​နက်​ကိုင်​ထားသူမှန်​သမျှ
သူ​တော်​စင်​တမျှအပြစ်​ကင်းပြီး
အများ​ကောင်းကျိုးအတွက်
သူတို့အနစ်​နာခံတိုက်​ပွဲဝင်​​နေရ​ကြောင်း ကိုယ်​ရည်​​သွေးခြင်း မပါ

သူတို့ရဲ့ ဘာနိုင်​ငံ​တော်​ ညာနိုင်​ငံ​တော်​တည်​တံ့ခိုင်​မြဲ​ရေးမှာ
လူ​တွေ(people)​ဟာ အ​မေ့​လျော့ခံဖြစ်​​နေခြင်း မပါ
ပြီး​တော့ စစ်​​ပြေး/​ဘေး ဒုက္ခသည်​စခန်း​တွေ မပါ

ကျည်​ထိရင်​ အသာလဲကျ အရှုံး​ပေးလိုက်​ရတာပဲ
ကျည်​ကုန်​ရင်​ လက်​​မြှောက်​အရှုံး​ပေး
အပုန်းအကွယ်​က ထွက်​လာ​တော့
ဒါပဲ

အောင်​နိုင်​သူကလည်း
ဂျင်​ဂျစ်​ခန်​ထက်
နပိုလီယံထက်​ မ​လျော့တဲ့
အောင်​ပွဲခံမှုအပြုံးနဲ့ ​အနိုင်​ရလိုက်​သလိုပဲ

က​လေးဂိမ်းမှာ မပါတာ​တွေ
လူကြီးဂိမ်းမှာ အကုန်​ပါသမှ
ဒါ့ထက်​​တောင်​ပို​သေး ​ပြောရမယ့်​ကိန်း

က​လေးဂိမ်းက
ရိုးရှင်းတယ်
သစ္စာရှိတယ်
အကျိုးစီးပွားပြဿနာ မရှိဘူး

စစ်​ဟာ
က​လေး​တွေအတွက်
ပျော်​ရွှင်​တက်​ကြွစရာ ကစားနည်းတစ်​ခု

လူကြီးဂိမ်းက
ကောက်​​ကွေ့တယ်
ယုတ်​မာတယ်
အကျိုးစီးပွားပြဿနာ ရှိတယ်

စစ်​ဟာ
လူကြီး​တွေအတွက်​​တော့
ဘိန်းစွဲသလို စွဲ​နေကြတဲ့အရာတစ်​ခု

စစ်​ကိုအ​ကြောင်းပြုမိ​တော့
က​လေး​တွေက ဂိမ်းပမာ ​ဆော့စရာ
လူကြီး​တွေက ဘိန်းပမာ စွဲစရာ။

မိုးဦး​ဆွေညိန်း
၁၇၊ ၁၊ ၂ဝ၁၉