အမှားတွေနဲ့လောက
ခေတ်ကြီးကိုက
အရောင်ဝင်းနေမှ အရာသွင်းချင်တာ
လူတွေဟာ
အမှန်တရားကို ဖင်ခုထိုင်ပြီး
အမှန်တရားကိုပဲ လိုက်ရှာနေကြ
အမှားကြီးက
လူတကာနဲ့ လက်ဆွဲနှုတ်ဆက်ရင်း
နေရာတကာမှာ အရာဝင်လို့
လောကကြီးက အစောင့်မထားမှတော့
အမှားကြီးကလည်း
နေရာအနှံ့ကို ခြေဆန့်တော့တာပေါ့ ။