လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ဒီ အိပ်​မက်​​တွေထဲ … ဖိုးရွှေညီမှိုင်း

ဒီ အိပ်​မက်​​တွေထဲ …

မျှော်​လင့်​ခြင်း​တွေ 
ကွယ်​လွန်​သွားတာထက်
ပိုဆိုးတဲ့ ​သေခြင်းတရား
မနက်​ဖြန်​ကို
ရင်​မဆိုင်​ချင်​​တာထက်
ပိုခက်​တဲ့ ​သေခြင်းတရား
ရှိလား
သေချင်​​ယောင်​​ဆောင်​ထားတဲ့
သေခြင်းတရားအတု​တွေကြား
ပျောက်​ဆုံးကုန်​တဲ့
အပိုင်းအစ ဘဝ​တွေက
ဘယ်​ကို​ရောက်​သွားကြလဲ
ယုံကြည်​ရာကို
အကြွင်းမဲ့ ယုံကြည်​ရင်း
ရင်​ဆိုင်​ဖို့ ရှင်​သန်​ရင်း
ရှင်​သန်​ဖို့ ရင်​ဆိုင်​ရင်း
ဟား
ရူးကြည့်​ကြရ​အောင်
ရူးချင်​​ယောင်​မ​ဆောင်​ဘဲ
တကယ်
ရူးကြည့်​ကြရ​အောင်​။

ဖိုး​ရွှေညီမှိုင်း

၂ဝ၁၉ မတ်​လ