လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ပါ​တော်​မူ – ဖိုး​ရွှေညီမှိုင်း

ပါ​တော်​မူ
တို့ ဘုရင်​နဲ့ မိဘုရား
ပါ​တော်​မူ

ပါ​တော်​မူ
တို့ နိုင်​ငံနဲ့ သယံဇာတ​တွေ
ပါ​တော်​မူ

ပါ​တော်​မူ
ပေးကမ်းခြင်းသည်​ ​အောင်​မြင်​ရာ
ပေးလိုက်​ကြ ​ရွှေ​တွေ
ကျောက်​စိမ်း​တွေ ​ကြေးနီ​တွေ
နစ်​ကယ်​​တွေ ကျွန်းသစ်​​တွေ
ဓာတ်​​ငွေ့​တွေ
တောင်​​တွေ ​တော​တွေ
မြစ်​​တွေ
ပါ​တော်​မူ

ပါ​တော်​မူ
မင်းအာဏာအတွက်
ပါ​တော်​မူ

ပါ​တော်​မူ
တို့နိုင်​ငံက ပါ​တော်​မူ

ပါ​တော်​မူ
ဘာ့​ကြောင့်

ပါ​တော်​မူ …

ဖိုး​ရွှေညီမှိုင်း

 

၂ဝ၁၉ ​ဖေ​ဖေါ်ဝါရီ ၎
(ဆရာ ​”မောင်​သာချို”သို့ …)