လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

“ ဂျူနို ” – လေပြည်ချမ်းချမ်း

 

 

အို ချစ်သော…. ဂျူနို 
ဘဝဆိုတာ….
လက်ဆောင်သေတ္တာကြီးတစ်ခုလို့ တွေးထင်လိုက် ။

ဖွင့်ကြည့်လိုက်တဲ့အခါ 
ကံကောင်းမှုတွေလည်း ခုန်ပေါက်ထွက်လာမယ် ။

တခါတရံ
အစုတ်အပြတ်တွေကို ပါကင်လှလှလေးနဲ့
ထုပ်ပိုးထားတဲ့ ရယ်မောစရာတွေလည်း တွေ့ရမယ် ။

တရံတခါ ဈေးနှုန်းကိုသိပြီး တန်ဖိုးမသိတဲ့ 
အညစ်အကြေးငွေကြေးနဲ့လူဖြစ်နေတဲ့ ဦးနှောက်တွေ ။

ရံဖန်ရံခါ မိတ်ဆွေစစ်ရဲ့ အမှန်တရားဘက်က
နွေးထွေးတဲ့ သစ္စာတရား နဲ့ 

ရံဖန်ရံခါ ရန်သူစစ်ရဲ့ အမုန်းတရားဘက်က
သွေးကြောင်တဲ့ ကလိန်ကကျစ်ရွဲ့စောင်းသိက္ခာချမှုတွေ ။

ဒါတွေ….ဒါတွေ 
အားလုံးကို ရယ်မောပစ်လိုက်ပါ ဂျူနို ။

ဘဝဆိုတဲ့ အမှန်တရားကို ဦးညွတ်တဲ့ ကဇာတ်မှာ

အမှားတစ်ရာနဲ့ မြေခွေးတစ်ရာကို 
ငါတို့ သွေးသံရဲရဲနဲ့ အနိုင်တိုက်ရမှာပဲလေ ။

ကြင်နာပါ မှန်ကန်ပါ ။

ချစ်သူယောင်ဆောင်ထားတဲ့ ရန်သူနဲ့

ရန်သူဘက်က ရပ်တည်တဲ့မိတ်ဆွေ….

သူတို့ကို ဘယ်တော့မှ ခွင့်မလွှတ်လိုက်နဲ့ ။

အို ချစ်သောဂျူနို….

ချစ်ခြင်းမေတ္တာအပြည့်နဲ့ မင်းနှလုံးသားမှာ 
နူးညံ့ပျော့ပျောင်းမှု အတိနဲ့…. မာကျောခဲ့ပါတယ် ။
ခု မထိုက်တန်တာတွေကို စွန့်လွှတ်ဖို့ 
နောင်တမရှိတဲ့စိတ်နဲ့ ပျော့ပျောင်းလိုက်ကြပါစို့….။

အို ဂျူနို….
ယုဒသစ်ပင်အောက်မှာ မလုံတဲ့လိပ်ပြာတွေ ခဏခဏ အကျယ်ကြီး ဆူတယ်လေ ။

အခု….မင်း အသာပြုံးကြည့် ရယ်မောနေနိုင်ပြီမဟုတ်လား ။

အို….ချစ်သော ဂျူနို ။ 

 

လေပြည်ချမ်းချမ်း