လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

လိပ်ဥကလေးတွေ- မောင်ထိန်လင်း (မြို့သာ)

တို့တိုင်း
ထွက်​လာတဲ့စိတ်​အယား​တွေ​လေ။

အ​ဝေး​ရောက်​​စေလွှတ်​ချက်​​တွေနဲ့
ငွေ​ရောင်​သဲ​သောင်​မှာ လူတလုံးသူတလုံး
စိမ်းဖန့်​ဖန့်လိပ်​ဥ​လေး​တွေ
မပုတ်​မသိုး။

ပင်​လယ်​​ရေပါကွယ်
ဘယ်​သူ​သောက်​​သောက်​ မကုန်​နိုင်​ပါဘူး။

ပင်​လယ်​​ရေပါကွယ်
သောက်​​လေ ငတ်​မ​ပြေနိုင်​ဘူး။

ပင်​လယ်​​ရေနဲ့ ဘီလုံးငှက်​​လေး​ရေ။

လိပ်​မကြီးလား
သမုဒ္ဒရာ ကြမ်းပြင်​​အောက်​မှာ ပုန်း​နေ၊
ပင်​လယ်​မျက်​နှာပြင်​မှာ လှိုင်းထန်​​နေတုန်း။

မောင်​ထိန်​လင်း (မြို့သာ)