လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ရေမဆေး(၅)- လူမွန်ခေတ်

ဥတုသုံးပါးကို ဘုရားပန်း​လို့

အော်​ရောင်းပြီး

သိန်းငါး​ထောင်​ အိပ်​မက်​တွေနဲ့

မြေပြို​နေတဲ့ငါး​ထောင်​တန်

အိမ်​ခန်း​လေးထဲက

စိတ်​ဓာတ်​​တွေ တက်​တက်​ ကြွကြွ

အ​ရောင်​မ​ရွေးဘဲ ကောက်​ခဲ့တဲ့

ရိုးသားမှု​တွေဟာခြေ​ထောက်​​လေး​တွေ

မနာ​တော့ဘူး

ဒါ​ပေမဲ့..

ဒါ​ပေမဲ့…

ဒါ​ပေမဲ့….

အောင်​ဖူး​ပေမယ့်​…

ဆပ်​စရာရှိတဲ့အတိတ်​က

အ​ကြွေးအ​ဟောင်း​တွေ

ကုန်ပါ​စေ..

ကုန်​ပါ​စေ..

ကုန်​ပါ​စေ…

ဆု​တောင်းရင်း

ရောက်​​ရောက်​ခြင်း

ပို့သတဲ့​မေတ္တာ

ပြန်​တဲ့အချိန်​ ​ဝေ​ပေးတဲ့အမျှ

ကျွန်​​တော်​ ​ကျောက်​ရရ မရရ

မြေစာပုံက

ဘဝတူ ​ရေမ​ဆေး​တွေ ရကြပါ​စေ

တ​နေ့တလန်

ဘယ်​​ပြေးမလဲပုဂံ

ကျုံးဝါးဖူး​တဲ့အသံ​တွေ

ဘယ်​​တော့မှ ​ကျောခိုင်း​မ​ပြေးဘူး အ​ဖေ​ရေ ။

လူမွန်​ခေတ်

Fri 2:02 AM