လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ငါတို့နမ်းရှိုက်ချင်သော ပန်းတစ်ပွင့်အကြောင်း- သူ့ထက်ကဲ(မန်း)

အဲ့ဒီပန်းကလေးဟာ
မထူးဇာတ်ခင်းပြီး အိပ်နေတယ်
ဘယ်မြေသြဇာအစပ်အဆက်နဲ့
ငါတို့ လွတ်လွတ်လပ်လပ်
ဘယ်သေနတ်နဲ့မှ
ပွင့်ချပ်တွေ အောင်သံလွှင့်ရပါ့။

ကောင်းလိုက်တဲ့ သေနင်္ဂဗျူဟာ
အလင်းရောင်မဲ့သေတ္တာထဲမှာတော့
အဆုပ်လိုက် အခိုင်လိုက်
ဖူးလို့…… ပွင့်လို့……
လိမ်လိမ်ပြီး မော်နေတဲ့
နှင်းဆီအရောင် နှင်းဆီအဖူးလေးရေ……
ဆူးတွေများလည်း
မွှေးလိုက်ချင်ရဲ့ ။

ဟော ဟိုမှာ ကြားလား
မင့် နားတွေ အစွမ်းကုန် ကားထား
တိမ်ပြိုနံရံတွေ……
အိမ်ငို သံတွေ……
လိမ်ဆို ဉာဏ်တွေ……
ဘယ်မှာလဲ ခင်မောင်တိုးရဲ့
ဆည်းလည်းခတ်သံ
ဘယ်မှာလဲ
သခင်ကိုယ်တော်မှိုင်းရဲ့ငြိမ်းချမ်းရေးအသံ
ဘယ်မှာလည်း ဒဂုန်တာရာရဲ့မေတ္တာတေးသံ
အဲ့ဒီပန်းကလေး အံကြိတ်မေးရင်း
လေပြည်အေးအေး
နွေးနွေးထွေးထွေးကို ရှူရှိုက်နေတုန်း
အဲ့ဒီပန်းကလေး နေခြည်နုနုမှာ
ကျည်သင့်သွေးခြေဥလို့ သူ့ပွင့်ဖက်တွေ
ဒဏ်ရာအရင့်အမာကြီးနဲ့ ပြန် အပ်သွားတယ်။ ။

သူ့ထက်ကဲ(မန်း)