လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ငါတို့ ဘယ်​လို​နေ​သေးလဲ – မိုးဦးဆွေညိန်း

ရောဂါပဲ
ဘယ်​​တော့မှ အမျှင်​ပြတ်​တယ်​ မရှိ
တခုခု ဝင်​​ဆောင့်​​နေတာ

အစိုးရနဲ့ ပြည်​သူဆိုတာ
ထာဝရရန်​သူ​ပေါ့
တ​စောင်း​စေးနဲ့ မျက်​​ချေး
အလိုမပြည့်​မှု​တွေက ဒိုးယို​ပေါက်

ငါတို့ဟာ
အုံနဲ့ကျင်းနဲ့ အမြဲပဲ ပျားတုပ်​ခံရ
ဒုက္ခ​ရေစီး​ကြောင်းဟာ
ဘယ်​​တော့မှ မခမ်း​ခြောက်​တတ်

ခဏခဏ​သေ​နေတဲ့ မနက်​ဖြန်​​တွေကို
မကြည့်​ရဲ​တော့လို့
နံနက်​ချိန်​ခါ ​တေးသံသာနဲ့
ပြန်​အိပ်​တတ်​တဲ့ ငယ်​ဘဝ
အပျင်း​ပြေ​တောင်​ ပြန်​မ​ရောက်​ချင်​​တော့

လမ်း​တွေ့ရင်​​တော့ ​မေးရဦးမှာပဲ
နေ​ကောင်းလား
အဆင်​​ပြေလား
ငါတို့ ဘယ်​လို​နေ​သေးလဲ
တဖွဖွ​မေးကြရင်း။

မိုးဦး​​ဆွေညိန်း
၁ဝ၊ ၅၊ ၂ဝ၁၈။