လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)
သူရဲကောင်း- နိုင်ဝင်းသီ
ခေတ်​တိုင်း​ခေတ်​တိုင်းမှာ ​မွေးဖွားခဲ့တာ​ပေါ့
ဝါးလိုလို  ထရံလိုလို ​ကောင်​စား​မျိုး​တွေ
အခုပဲ သူတို့ဟာ သူရဲ​ကောင်း​တွေ
ငါတို့မြို့ကြီး ကျ​ဆုံးမသွားရ​လေ​အောင်
သူတို့ပဲ ကြံ့ကြံ့ခံခဲ့သလိုလို
ဘာလိုလို
ညာလိုလို။
အ​ရေး​တော်​ပုံတုန်းက
နွံထဲနစ်​​နေတဲ့ မြို့ပျက်​ကြီးကို
သူတို့ပဲ ကယ်​ခဲ့သလိုလို
ဘာလိုလို
ညာလိုလို။
၁၉၈၈ ဆို​တော့
နှစ်​သုံးဆယ်​ဟာ စီးဆင်းသွားခဲ့ပြီ
သမိုင်းအဆက်​ပြတ်​​နေတဲ့
မျိုးဆက်​သစ်​​တွေအတွက်​​တော့
သူတို့ဟာ သူရဲ​ကောင်း​တွေ။
အခုလိုအချိန်
လမ်းမ​ပေါ် တလူလူလွင့်​​နေတဲ့
ခေါင်း​ပေါင်းတစ်​လုံး​တွေ့ရင်​ ခင်​ဗျားဘာလုပ်​ မလဲ
အဲဒီ​ခေါင်း​ပေါင်းနားမှာ ရစ်​ဝဲ​ရစ်​ဝဲလုပ်​​နေတဲ့
မျက်​နှာ​ဖောင်း​ဖောင်းကြီး​တွေ​ ​တွေ့ရင်
ခင်​ဗျားဘာလုပ်​မလဲ
တ​စုံတယောက်​​ယောက်​က ​မေးလာခဲ့ရင်
ဘုရားလမ်းက
Zuri  မှာ
တကျိုက်​ချင်း​မော့​သောက်
ခေတ်​ပျက်​မှ
ဗားရှင်းမြှင့်​ပြီး အသစ်​ထွက်​လာတဲ့
အဲဒီ  သူရဲ​ကောင်း​တွေကို ကြည့်​ပြီး
ငါ ရယ်​သွမ်း​သွေး​နေလိုက်​​တော့မယ် ​။   ။