လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ရဟန္တာ​တွေ ​နေတဲ့တိုင်းပြည်​- ဇော်သစ်ကြည်

အဂုၤလိမာလ သာ
အဟိံသကတစ်​ပါးဖြစ်​ခဲ့
ဒီမှာ
ဘုရားအဆူဆူပွင့်​​နေပါပ​ကော… ။


ရင်​ကြား​စေ့ဖို့
ဟောင်း​လောင်းပွင့်​​နေတဲ့ ရင်​ဘတ်
ထပ်​ဖွင့်​​ပေးရမလား။


ငြိမ်းချမ်း​ရေး​တေး
အတူတူသီ​ကြွေးမယ့်​ နှလုံးသား​တွေ
နာဖျား​နေကြဆဲ။


အင်​ကြင်းပန်းခိုင်​ထဲက အာဃာတကို
သင်​ပုန်း​ချေနိုင်​တယ်
သွေးစီး​ကြောင်းအဆိပ်​သင့်​​စေတဲ့ ခါချဉ်​​ကောင်​​တွေ
ရဟန္တာ​တွေ ​နေတဲ့တိုင်းပြည်​ မှာ
မြင်​​နေ​တွေ့နေသမျှ
တစ်​​ယောက်​တည်း တရားမရနိုင်​ဘူး။

ဇော်​သစ်​ကြည်