လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ငါ မေ့ချင်​တဲ့ အကြောင်း – သင်းရည်လွင်

လွန်​ခဲ့သော အချိန်​ဖြစ်​သည်​။
တခါက ဖြစ်​သည်
နှစ်​များစွာကဖြစ်​သည်
သူ့လမ်းသူမောင်းရင်း
ငါ့ကိုဝင်​တိုက်​သွားတဲ့ ကား
ငါ့ ခမျာ
လူးလွန့်​အော်​ဟစ်​ နာကျင်
ဘယ်​သူမှ မသိလိုက်​ဘူး
ဘယ်​သူမှ မမြင်​လိုက်​ဘူး
ချောကလက်​တစ်ခု ပစ်​ချ
သူ မောင်းထွက်​သွားလိုက်​တာ
မီးခိုးတန်းလေး နောက်​ဆုံး
ငါ တွေ့လိုက်​ရတာပဲ ။

၁၃၁၀၂၀၁၈
ညနေ ၆ နာရီ