လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ချစ်ခြင်းဖြင့်သာ – ဝင်းသိန်းထွေး

အပင်ကနေ အခြွေခူးခံရတာအပြင်
ရေလည်းအနှစ်ခံရသေး
ပုလင်းထဲထည့်ပြီးလည်းအလုံပိတ်ခံရသေး
စကားဝါပန်းကလေးဟာ။

ရေထဲကနေကုန်းပေါ်အတင်ခံရတာအပြင်
အကြော်လည်းခံရသေး
မကြော်ခင်ဓားနဲ့လည်းအမွှမ်းခံရသေး
ငါးကလေးဟာ။

ကဗျာဆရာပါ
စကားဝါပန်းကလေးပဲဖြစ်ဖြစ်
ငါးကလေးပဲဖြစ်ဖြစ်
ဖြစ်လို့ရပါတယ်။
လောကလူ့ကမ္ဘာကို
မေတ္တာစစ်နဲ့ချစ်ခဲ့ပြီးမှပဲလေ။ ။

ဝင်းသိန်းထွေး