လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

တောလမ်း​လေး – မောင်နောင်မွန်

သစ်​ပင်​ကိုသစ်​ပင်​လိုမြင်​​အောင်​ကြည့်​​ပေါ့
ငါတို့မြင်​​နေရတဲ့ ​တောအုပ်​ကမာယာနဲ့မှိုင်းညို့ညို့။


စိတ်​လက်​ကြည်​သာဖို့
လမ်း​တွေဆက်​​လျှောက်​​နေရင်းက
အဆုံးစွန်​မဲ့​သော မှတ်​တိုင်​​တွေဆီဖြတ်​​ကျော်
တွေ့​နေရတဲ့ ဆုံမှတ်​များက​တော်​လှန်​လိုစိတ်​အပြည့်​။


လင်းလက်​လက်​ညရင်​ပြင်​ထဲ
တပွင့်​ပြီးတပွင့်​ ​ကြွေကျလာခဲ့တဲ့ ကြယ်​ပွင့်​​လေး​တွေအတွက်
ဆု​တောင်းဈာပနပွဲ​လေး ကျင်းပကြစို့
အ​မှောင်​​တွေကြိုဖတ်​​နေရင်း ​နွေဦးက​ဝေး​ဝေးသွားတယ်​။


ဖြတ်​​လျှောက်​ခဲ့တဲ့လမ်း​တွေမှာ
တောပန်းရိုင်း​တွေက ​ကြွေကျ​ပေးခဲ့ရတယ်
အောင်​မြင်​ချင်​ရင်​ စ​တေးရတာဓမ္မတာပဲ
ဒါ​ပေမဲ့
စ​တေးခံ​တွေက ငါတို့​တွေပဲဖြစ်​ဖြစ်​​နေရတယ်
တောလမ်း​လေးမှာ အရိုင်းပန်းအ​ကြွေ​တွေအပြည့်​။


မောင်​​နောင်​မွန်