လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

အရူးအုပ်ချုပ်တဲ့တိုင်းပြည် – စံညိမ်းဦး

ဘုရားသခင်အလစ်မှာ
စေတန်ဟာ ဒီဂျပုကိုမွေးဖွားခဲ့တာ။

နှုတ်ခမ်းမွှေးထားသင့်တယ်ယူဆတဲ့ဂျပုအတွက်
စေတန်ကပဲ သူ့ခြေမနှစ်ခုကိုဖြတ်ပြီး
နှုတ်ခမ်းမွှေး လုပ်ပေးခဲ့တယ်။

ဂျပုတို့ရဲ့
” များများလိမ် နေ့တိုင်းလိမ် အမှန်ထင်လာကြလိမ့်မယ်” နဲ့
ခေတ်မီဖွံ့ဖြိုးတိုးတက်သော သဒ်ရိုက်နိုင်ငံတော်သစ်ကြီးခရီးမှာ
လူအားလုံး
စင်္ကြာတံဆိပ်နဲ့ သပ်ရိုက်ခံခဲ့ကြရတယ်။
အမှန်တရားပါ ကြက်ခြေခတ်ခံလိုက်ရတယ်။

ကွန်မြူနစ်တွေလည်းဘာမှမတတ်နိုင်
ဒီမိုကရက်တစ်တွေလည်း ငိုင်ကျသွားခဲ့ဖူးတယ်။

ဂျပုကွ!
သားသက်လွတ်စားတယ်။
ဆေးလိပ်မသောက်ဘူး။
ပန်းချီရေးတယ်။
ဂျပုကွ!
လူသားစားတယ်။
အဆိပ်ငွေ့ထွင်တယ်။
အိမ်နံရံတွေပေါ် သွေးနဲ့ပန်းချီရေးတယ်။

ပြောမယ်ဆို ပြောမကုန်အောင် ဥဒါန်းမကျေစရာတွေ
ပြောမယ်ဆို ပြောမထွက်အောင် ခါးသီးစရာအတိနဲ့တွေ။

ဒီနိုင်ငံကထုတ်တဲ့
နိုင်ငံရေးမာစတာဘေးရှင်းရဲ့သုတ်ပိုးက
ကမ္ဘာတခွင်လုံး စွန်းပေ နံစော် စုတ်ပြတ်
အသက်တွေပေးခဲ့ကြရတယ်။
ပျော်တဲ့ကောင်တွေက ပျော်ခဲ့တယ်။

ကိုယ့်ဇာတ်ကို မနိုင်
နှာခေါင်းသွေးလျှံလာတဲ့ စေတန်ဟာ
ဂျပုကို ဘယ်လို ရုတ်သိမ်းရပါ့မလဲ တွေးခေါ်ရင်း သေတယ်။

၁၉၄၅ ဧပြီ
သတင်းစာနဲ့ရေဒီယိုတွေက
ဂျပုသေပြီလို့ အတည်ပြု ဝမ်းပန်းတသာ ကြေညာတယ်။
သေသွားတာက စေတန်ဆိုတာကို ဘယ်သူမှမသိဘူး။

ပြီးခဲ့တဲ့ လက
ဆူးလေလမ်း ဘက်အရောက်
ဂျပုဟာ နှုတ်ခမ်းမွှေးရိတ်ပြီး ရုပ်ဖျက်ထားတယ်။
စစ်ကြီးမတိုင်ခင်က စစ်သီချင်းတပုဒ် လေချွန်နေတဲ့အဲ့ဒီ့ဂျပုကို
ဖျတ်ခနဲ ငါတွေ့ခဲ့မိသလိုလို
မိုင်ကမ့်နဲ့မင်းသားကျမ်းစာအုပ်တွေကိုင်ထားတာကိုပါ
အသေအချာ လိုလို
ငါ တွေ့ခဲ့တယ်။

စံညိမ်းဦး
၁၄၁၂၁၈