အဆုံးအစမဲ့
သစ်ရွက်တွေကြွေနေတယ်
ကောင်းကင်ပြာဖို့
အဖြူရောင်ငှက်တွေ
ပျံသန်းဖို့
သူ ပေးဆပ်ခဲ့
ငြိမ်းမြတဲ့
ကဗျာ
အေးချမ်းတဲ့
အကြည့်နဲ့
ရေးထိုးထားခဲ့
နှလုံးသားထဲ
ဘယ်တော့မှမသေဆုံးမယ့်
ငါတို့ရဲ့
ငွေလမင်း
သူရဲကောင်း ကဗျာဆရာ။
( ဆရာ မောင်အောင်ပွင့် သို့)