လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ (FREEDOM, LOVE, PEACE AND ART OF HUMANITY)

ဘာသာစကား – ဖိုးရွှေညီမှိုင်း

ညီလာခံကြီးမှာ
ငှက်​ နဲ့ ငါး က
ပုရွက်​ဆိတ်​​တွေကိစ္စ
စကား​ပြောကြသတဲ့။
ခက်​တာပဲ
ငှက်​ကလည်း 
လေ ဘာသာစကားပဲ တတ်​တယ်
ငါးကလည်း
ရေ ဘာသာစကားပဲ တတ်​တယ်
တ​ကောင်​ရဲ့စကား
တ​ကောင်​နားမလည်​။
နားမလည်​ပဲ
သူတို့​ပြောကြတဲ့စကား​တွေကို
နားမပါတဲ့ သတင်းစာ​တွေက
ခေါင်းကြီးမှာ ​ဖော်​ပြ​ချီးကျူးကြ​တော့
နားမရှိတဲ့ ပရွက်​ဆိတ်​​တချို့လက်​ခုပ်​ဝိုင်းတီး
ဒီလိုနဲ့ပဲ
အခမ်းအနားကို အပြီးသတ်​လိုက်​တယ်​။
သေချာတာ တခုက​တော့
မြေ​ကြီးထဲမှာ​နေတဲ့
ပုရွက်​ဆိတ်​​တွေရဲ့ ဘာသာစကားကို
လေ နဲ့ ​ရေ ထဲ က ငှက်​ နဲ့ ငါး
ဒီနှစ်​​ကောင်​စလုံး
တ​ကောင်​မှကို နားမလည်​ကြဘူး။
ပုရွက်​ဆိတ်​​တွေ
နေစရာ တွင်း မရှိ​တော့အချိန်​မှာပဲ
မိုးကြိုး​တွေပစ်​ မိုး​တွေရွာ ​လေ​တွေတိုက်
မိုး ​လေ ထဲ မှာ ပု ရွက်​ ဆိတ်​ ​တွေ …
ဖိုးရွှေညီမှိုင်း

၂ဝ၁၈၊ ဒီဇင်ဘာ၊ ၃

About The Author

admin

လွတ်လပ်လှိုင်းမဂ္ဂဇင်း လွတ်လပ်မှု၊ ချစ်ကြည်မှု၊ ငြိမ်းချမ်းမှုနှင့် လူသားဆန်မှု အနုပညာ The Freedom Wave Magazine Freedom, Love, Peace & Art of Humanity

Leave a Reply