ရင်​မဆိုင်​ချင်​​သော – 
ခင်မင်းဇော်
.
အဲဒီမှာ စလွဲခဲ့တာပဲ။
ကိုယ်​​ပေးတဲ့ ချစ်​ခြင်း​မေတ္တာမှာ
မင်းကို​ပျော်​ရွှင်​​စေမှုက ရာနှုန်းပြည့်​။
ခံစားတတ်​တဲ့ကိုယ်​က
မင်းရဲ့ နားလည်​မှုကို လိုအပ်​ခဲ့တာ​ပေါ့။
တိတ်​ဆိတ်​ငြိမ်​သက်​​ပေးခဲ့တယ်
ဘယ်​​လောက်​ကြာမှ 
မင်းကလှည့်​ကြည့်​လာမှာလဲ
နာနာကျင်​ကျင်​နဲ့ ​မျှော်​​ငေးခဲ့ဖူးတယ်​။
ယုံယုံကြည်​ကြည်​နဲ့
ကိုယ်​ဖွင့်​လှစ်​ပြခဲ့တဲ့ ဒဏ်​ရာ​တွေက
ကိုယ့်​ကို ထိုးသတ်​မယ့်
လက်​နက်​​တွေလား။
အဲဒီမှာ စလွဲခဲ့တာပဲ။
မင်းက 
လက်​မှတ်​မထိုးရ​သေးတဲ့
ကိုယ့်​ပန်းချီကားတချပ်​ပါ။
မေ့ချင်​တယ်​။
ခင်​မင်း​ဇော်
၃ဝ ​အောက်​တိုဘာ ၂ဝ၁၈
Credit @ https://www.facebook.com/khinminzaw