ဆုံမှတ် – 
ပရ(ပလိပ်)

.

စမှတ် နဲ့ ဆုံးမှတ် ဆုံတိုင်း
သုည မဟုတ်ခဲ့ဘူး ။

တသက်​လုံးကျက်​ခဲ့သမျှအိ
အိတ်​ထဲက ထွက်​မလာတာ
အိပ်​ရာဝင်​တဲ့ အချိန်ထိပေါ့ ။

လမ်း ဘယ်လောက် ကြမ်းကြမ်း
ပန်းတွေ ဝေခဲ့ဖူးတယ် ။

ပန်း ဘယ်လောက် လန်းလန်း
နွမ်းခွေ ကြွေခဲ့ဖူးတယ် ။

ထက်ချင်လို့
သွေး တစက်​စက်​ အကျခံပြီး သွေး နေရတာ
ချွေးတောင် မထွက်တော့ဘူး ။

အတိတ်ကို သတိရစိတ်က
အိပ်မက်တွေကို
အ​ရောင်​တဖိတ်​ဖိတ်​နဲ့
ဖိတ်​ကျလာစေတယ် ။

စမှတ် နဲ့ ဆုံးမှတ် ဆုံတိုင်း
ပုံစံကျနေတဲ့
သုညတော့ မဟုတ်ခဲ့ပါဘူး ။

ပရ(ပလိပ်)