အက်ကြောင်းရဲ့ လားရာ – 
တိုးနှောင်မိုး

.

မုန်တိုင်းသတိပေးချက် ဝင်လာတယ်
သတင်းထောက်တွေ အဖမ်းခံရတယ်

ချေ မွေးနေ့ ဆိုလား
ဂျပန်က အသံက စစ်မဲ့ဇုံဆိုတော့
မိုးမလင်းခင်နိုးတဲ့သူတွေ ဒီနေ့ များသား

ကြက်သားအုပ်မက
ငါးနာရီမထိုးခင် အိပ်တန်းဆင်း အစာရှာ
ငါလည်း ဘာထူးလည်း ဆု
မင်းတို့ သားမိလွမ်းစိတ်နဲ့တညလုံး အိပ်မပျော်ဘူး။

ဖွဲ့သီရေ
မင်းပြောသလို
အဖုံးထဲက ကားတစီးထွက်လာရင် ကောင်းမှာပဲ

မရသေးတာတောင်
လောဘကြီးတဲ့ လူ့ ဘဝ
ပြာပဲ ရတာ မဆန်းဘူး

မနက်က
လင်းတဝက်မှာ
အစာရှာ ပူးတစ်ကောင်
ဘတ်စ်ကား တိုက်သွားတယ်
လွမ်းဖွယ်။ ။

တိုးနှောင်မိုး