တော ကဗျာ – 
ကျော်ဇံလှ(ကလေးဝ)

.

ငါ့ ယာခင်းလေး ညနေဆို တိတ်ဆိတ်

ရွာထဲက ခွေးဟောင်သံ

ရွာထဲက သက်ပြင်းချသံ

ရွာထဲက ရင်ခုန်သံ

ရွာထဲက အရက်မူးသံ

ရွာထဲက ချက်ပြုတ်သံ

သဲ့သဲ့ ပြန်ကြားရ ။

မနက်စောစော ရောက်လာတဲ့

မက်ဆေ့ အရ ည လသာရင်

စပယ်တွေ ပွင့်ရအောင်တဲ့ ။

ရွာထဲက စပယ် ပန်းလေး သီချင်းသံ

ကြားရပြန်ရော  စပယ်ရုံလေး ပွင့်နေတဲ့အိမ်

ကောင်းကင်ကြီး မော့ကြည့်တော့

မိုးကင်း နဲ့ လေကင်း  မယ်မင်းကြီးမ

သည်ည  သနပ်ခါးထူထူသာ လိမ်းခဲ့ပေရော့ ။   ။

ကျော်ဇံလှ (ကလေးဝ)