ကိုယ့်အတိုင်း ကိုယ့်အထွာ – 
ဧညိမ်းဝေ

.

ဘာအရောင်မှန်းမသိလို့
အမှောင်ကို ဖြဲကြည့်ရတာ အမော
သူတို့မကြိုက်တာနဲ့
ငါက လူမိုက်ကြီး လုံးလုံး။

အလျားလိုက်လား
ဒေါင်လိုက်လား 
ဟားတိုက်သံတွေက ခပ်စောင်းစောင်းပဲ
ခေါင်ခိုက်နေတဲ့ စိတ်ကို
တွဲလောင်းချည်ထားရ။

မီးမတောက်လည်းနေပေါ့
ရှိသလောက် အပြုံးကိုဖွင့်မှ
ရင်ထဲမှာ လင်းလာတယ်။

ငါ့ခန္တီသစ်တုံးလေးက
ခင်ဗျားတို့ မီးတောက်ကို
ကျောပေးနေပုံ။

သူတို့လောင်တော့
ငါက ကျွမ်းပေးလိုက်ရုံ
ပြာမကျခင်ကတည်းက
မီးခိုးကို အလံလွင့်ပြီးသားပဲ
အောင်မြင်တဲ့အသံနဲ့
ငါက တုံဏှိဘာဝေ။ ။

ဧညိမ်းဝေ
03 Oct 2018