မရွေ့ကြေး – 
နေမိုးအိမ်

.

ရာသီ​တွေ ​ပြောင်းတယ်
နည်း​စနစ်​​တွေ ​ပြောင်းတယ်
မူဝါဒ​တွေ ​ပြောင်းတယ်

မော်​လီကျူး​တွေ ​ပြောင်းတယ်
ကျက်​စားရာ​တွေ ​ပြောင်းတယ်
အသိုက်​​တွေ ​ပြောင်းတယ်

မြို့​တွေ လူ​တွေ ကစားကွင်း​တွေ
ပြဋ္ဌာန်းကျမ်း​​တွေ အနုပညာဖန်​တီးမှု​တွေ
လမ်း​ဘေး​ဈေးသည်​​တွေ လက်​ဘက်​ရည်​ဆိုင်​​တွေ
ဆင့်​ကဲ ဆင့်​ကဲ ​ပြောင်းတယ်
နောက်​ဆုံး အစိုးရလည်း ​ပြောင်းတယ်

ဘာ​တွေ ​ပြောင်း​ပြောင်းပါ
က​လေးရယ်
အချစ်​ရှိတဲ့ဘက်​မှာ
ငါတို့ရပ်​ကြစို့။

နေမိုးအိမ်