အိမ်ပုံပြင် – 
မိုးကျော်ဌေး

.

ဦး​ခေါင်းတလုံးထဲက
လ​ရောင်​​တွေ ပန်းထွက်​လာတဲ့ ညမှာ
ကြွက်​​​တချို့က
ကြယ်​​​ကြွေတွေကို ကိုက်​ချီစု​ဆောင်းကြ

တချို့ကြွက်​​တွေက
ကြောင်​မရှိ​သောအရပ်​၌သာ
ကြွက်​ဖြစ်​လို​ကြောင်း ဆု​​တွေတောင်းလို့ 

သူတို့အထဲ
ခေါင်း​ဆောင်​ဖြစ်​ဟန်​ရှိတဲ့
ရှေ့မီ​နောက်​မီ ကြွက်​ကြီးတ​ကောင်​က
မြေကြီး​ပေါ် သူ့လက်​သည်းရှည်​ကြီး​တွေနဲ့
ဧရာမ ​ကြောင်​ကြီးတ​ကောင်​ရဲ့ပုံကို ​ရေးခြစ်​ပြီး
“အိမ်​´´လို့
အမည်​​ပေးလိုက်​တယ်

ဦး​ခေါင်းတလုံးထဲက
လ​ရောင်​​တွေ ပန်းထွက်​လာတဲ့ ညမှာ ။

မိုးကျော်ဌေး
(၆၊ စက်​တင်​ဘာ၊၂ဝ၁၈)