မျဉ်း/မြင်း – 
ဉာဏ​ကျော် 

.

မျဉ်း​တစ်​​ကြောင်း​ပေါ် မြင်းတစ်​​ကောင်​ခုန်​တက်​ခဲ့
မျဉ်း​တစ်​​ကြောင်းအတိုင်း မြင်းတစ်​​ကောင်​​ပြေးခဲ့
မျဉ်း​ဟာ ဖြောင့်​တန်း​နေတဲ့အခါ
မြင်းဟာ​ ဖြောင့်​တန်း​နေခဲ့
မျဉ်း​ဟာ ကွေ့​ကောက်​​နေတဲ့အခါ
မြင်းဟာ ​ကွေ့​ကောက်​​နေခဲ့။

မျဉ်း​ပေါ်မှာ မြင်းဟာ သီချင်းဆိုလိုက်​/သီချင်းမဆိုလိုက်
မျဉ်း​ပေါ်မှာ မြင်းဟာ ငိုလိုက်​/မငိုလိုက်​ ရယ်​လိုက်​/မရယ်​လိုက် ပြုံးလိုက်​/မပြုံးလိုက်
မျဥ်း​ပေါ်မှာ မြင်းဟာ စိတ်​ကူးယဉ်​လိုက်​/စိတ်​ကူးမယဉ်​လိုက်
မျဉ်း​ပေါ်မှာ မြင်းဟာ ရူးသွပ်​လိုက်​/မရူးသွပ်​လိုက်
မျဉ်း​ပေါ်မှာ မြင်းဟာ ​ပေါက်​ကွဲလိုက်​/မ​ပေါက်​ကွဲလိုက်

မျဉ်း မဆုံး​သေးသ​ရွေ့ မြင်းဟာ ​ပြေး​လွှား​နေဆဲ
မျဉ်း မဆုံး​သေးသ​ရွေ့ မြင်းဟာ ရုန်းကန်​​နေဆဲ 
မျဉ်း မဆုံး​သေးသ​ရွေ့ မြင်းဟာ အိပ်​မက်​ဆန်​​နေဆဲ 
မျဉ်း မဆုံး​သေးသ​ရွေ့ မြင်းဟာ မိုက်​ရူးရဲ ဆန်​​နေဆဲ
မျဉ်း မဆုံး​သေးသ​ရွေ့ မြင်းဟာ
ခုန်​​ရွေ့ ခုန်​​ရွေ့ ခုန်​​ရွေ့ ခုန်​၍
ရုန်း​ရွေ့ ရုန်း​ရွေ့ ရုန်း​ရွေ့ ရုန်း၍
ပြေး​ရွေ့ ​ပြေး​ရွေ့ ​ပြေး​ရွေ့ ​ပြေး၍
ခွာရာ ရှာ​နေဆဲ။           ။

ဉာဏ​ကျော်