စိတ်အခွံထဲ တိမ်တွေပြာတုန်းက – 
ထက်ဝေး

.

အရိုင်းစိတ်မွဲမှာ
ရိပ်ကနဲ ပါသွားတဲ့နေ့က
အသံနဲ့အသွင်မှာ ဖျတ်ကနဲ ကျရူံး
ကိုယ့်ကိုကိုယ် ဆုံးမလိုက်ရတယ်

လရောင်က ကိုယ့်ကို ညှို့တုန်း
သူမအပေါ်ကျွံကျခဲ့တဲ့ အချစ်တွေပြာလို့

အလွမ်းပင်တွေ မစိုက်သင့်တော့ဘူး
ရင်ခုန်သံကို ချိုးပစ်လိုက်မိပေါ့

ငှက်တွေ အုပ်ဖွဲ့ပျံသွားကြပြီ
နေညိုချိန်လေး

လမ်းက
ငါ့ဆီ တည့်တည့်လာပေမယ့် 
ငါက
ချိုးကွေ့လိုက်ရတယ်။

ထက်ဝေး