မြို့ပျက်​ – 
ဥက္ကာ

.

တ​ချို့က လမ်းမ​တွေကို ပိုက်​ပြီး
နွေဦးဆီ ​ခြေဆန့်​ခင်းကျင်း​နေကြ ။

တ​ချို့က ​ကျောက်​​ပေါက်​မာ​တွေနဲ့ ​ခေါင်​မိုးကို ရွက်
သက်​တံ့တွေကို ​ဆေး​ကြောသန့်​စင်​ ။

ပျော်​​စေ ပျက်​​စေ
ပျက်​ပြီး မ​ပျော်​ခဲ့ကြသူများ မျိုးဆက်​ဟာ
အပျိုမ ရင်​သားလို ​ပျော်​ပြီး ပျက်​ကျသွား​တော့
အက်​ရှင်​ဇာတ်​ကား ​လေယာဉ်​များလို ။

အိပ်​​ပျော်​​နေသူ ရင်​ဘတ်​​ပေါ်
ဖုန်းဆိုး တစပြင်​​တွေ လွင့်​လို့ ။

လူကြီး​တွေ ကြီးသွား​တော့
မိုက်​သက်​​လေပြင်း​တွေ အရည်​​ပျော်​ကျကုန်​​ရော ။

ချူချာသူ အမှိုက်​ပုံက​လေး​ရေ
ရှူနာရှိုက်​ကုန်း တက်​တူးအသိုး​တွေသာ အ​ရေတွန့်​​စေခဲ့​ပေါ့ ။

ဥက္ကာ