လော်ပြိုင်ပွဲ –
မောင်ထိန်လင်း(မြို့သာ)

.

သင်္ကြန်မီးသတ်ပိုက်နဲ့
မျက်နှာအထိုးခံရသလိုပဲ

အိမ်နားက ဘုရား
ပွဲထဖြစ်တယ်

ကြွက်ဖောက်အပေါက် မချန်
ပိတ်ဟယ် ဆို့ဟယ်

အားတင်းထားပါ အိုးစားဖက်ရေ…. က
နားစည်ပေါ်တက် အီးပါနေတယ်

မာမာအေးက သူ့နောက်ကနေ
ယောက်ဖရေ ခေါ်နေသတဲ့

ခဏနေ
ပါချုပ်ဆရာတော်ကြီး ကြွလာလိမ့်မယ် ကြည့်

သာဓုဆိုတာ
ရိုရိုသေသေခေါ်ရတယ်လေ။

မောင်ထိန်လင်း(မြို့သာ)