တ​ခါက လမ်း​တွေ – 
ဆလိုင်းမြတ်နိုးသူ

.

သမိုင်းဟာ ​၄၅ လမ်းနဲ့  ၇၅ လမ်းကြားမှာ​နေရဲ့ ။

 ၄၅ လမ်းနဲ့  ၇၅ လမ်းဆိုတာဟာ လျှာထွက်​ပြီး 

 ‎​သေသွားတဲ့ လူငယ်​တစ်​​ယောက်​ရဲ့ ​နွေး​နေဆဲ နှလုံးသား​လေး။

 ‎လမ်း​တွေကို စာလုံး​ပေါင်းတဲ့အခါ 

ဘောင်းဘီချွတ်​​နေတဲ့ အာဏာရှင်​ ဘဘကြီး ​ရှေ့ က

 ‎​ကောင်​မ​လေးများနဲ့ ​ကောင်​က​လေး​တွေ လို့  အသံထွက်​တယ်

 ‎ဒါ​ပေမဲ့  ​အားလုံးရဲ့ အမည်​ နာမ ဟာ ၄၅ လမ်းနဲ့  ၇၅ လမ်း။

 ‎အဲဒီ​တော့ ဘာဖြစ်​သလဲ။ ဘာမှ မဖြစ်​ဘူး။ 

 ‎​ရှေ့မထွက်​​ပေမယ့်​   ‎မြက်​ရိုင်း​များကြားက​နေ တိုး​ဝှေ့ ​ချောင်းကြည့်​ကြတယ်

 ‎မျက်​လုံး​တွေ အရှခံ ပြီး​တော့​လေ။

ဆလိုင်းမြတ်​နိုးသူ
2018 JUNE