မြူ​တွေ – မင်းချောမြင့်

.

မီးပုံပျံကြီးလည်း မစီးချင်​​တော့ပါဘူး
တ​နေရာရာမှာ လိုက်​ပါဖို့ ပြီး​တော့ ​နေရာရဖို့
အကုသိုလ်​လေး​တွေလည်း အနည်းအများ​တော့ရှိတယ်
လွတ်​တဲ့ ငါးက ကြီးစမြဲ

လူ့သဘာဝအ​လျောက်​​တော့ အလိုအ​လျောက်​တုန့်​ပြန်​​နေတာ
စကား​တွေ ထိန်းသိမ်းနေရတာ
မွှေးထားတဲ့မီးခိုးက ငါတို့ နမ်းဖို့ မဟုတ်​ဘူး
ဦး​ခေါင်း​တွေ ​လေးလံမယ့်​ အရာ​တွေကိုလည်း မသယ်​ချင်
နည်းလမ်းတကျ “​တေ” လိုက်​ရင်​ စိတ်​က “ဝ” သွားမှာ ပဲ

ပလက်​​ဖောင်းပေါ်မှာ ​ပြောင်းပြန်​ ​လျှောက်​မိတယ်
ငါတို့ ကျူးလွန်​နိုင်​တဲ့ ပြစ်​မှု​တွေ အ​မြောက်​အများပဲ
အနည်းဆုံး သူလိမ့်​ကျ သွားနိုင်​တယ်
ခွက်​ထဲမှာ ​ရေအပြည့်​ မရှိ​တော့ဘူး
မ​သေချာတာက အမှတ်​ပြည့်​ပဲ

ဥပမာ ဆိုကြပါစို့
ကမ်းနီးကမ်း​ဝေး ငါး​တွေ မဖမ်းချင်​​တော့
ပင်​လယ်​ထဲ ပျက်​ကျနိုင်​​ချေ အများဆုံးပဲ
ငါး​တွေက ဆာလောင်နေတာ
မလိုအပ်​တဲ့ အရာ​တွေကို ဖြုတ်​ချပစ်​ရ​တော့မှာပဲ

တကယ်​​တော့
ငါ့ကိုယ်​ငါလည်း တကယ်​လိုအပ်​လှတာ​တော့ မဟုတ်​ဘူးရယ်

မင်း​ချောမြင့်