ပိုးဟပ်တကောင်ရဲ့အကြောင်း – 
နေရိုင်း

.

အနှစ် မရှိခဲ့ပြန်ဘူး
ခက်လိုက်တာက အဆုံးမရှိလည်း ဖြစ်ပျက်နေတာကို
ထုံးစံအတိုင်း
ခေတ်ကြီးက အရည်မရ အဖတ်မရတွေများ
ဆန်ရင်း နာနာဖွပ်တဲ့
ခါးနာခဲ့ပေါင်းလည်း များပြီ။

ကန်ရေပြင်ကို အလွတ်သဘောနဲ့ ထိုင်ကြည့်နေရုံနဲ့
သံသရာက တကွေ့တပါတ် မြစ်ပွားနာလို
ပုပ်နေတဲ့ငါးကြောင့် တဖျတ်ဖျတ်ခုန်နေတဲ့ ငါးတွေ
ဘဝတွေကို ချော့မြူ ပေါင်းသင်းနေထိုင်ရ။

လူမြင်ကွင်း
အရာအားလုံး အစာအိမ်ထဲ ထုပ်သိမ်း
ပြန်မကြားရတဲ့စကားလုံးတွေနဲ့ ဘဝကိုပုံဖော်ကြည့်တော့
ပြန်အန်ချရတဲ့ ပုပ်နေတဲ့သစ်သီးများထွက်ကြလာတယ်
ပိုးဟပ်တွေကတော့ တကောင်ပြီးတကောင်ပေါ့။

မက်ခဲ့တဲ့ အိပ်မက်တွေကလဲ ဝဋ်နာကံနာတခုလို
ကျလာတဲ့ မိုးစက်တပေါက်တိုင်းက
တလှပ်လှပ်ခုန်နေတဲ့ မင့် ရင်အစုံကို ခိုးနမ်း

ဘဝကလဲ အနာတွေများလိုက်တာ
ငါတို့ စိတ်ရှည်ရမယ် သည်းခံစိတ်မွေးရမယ်
ပိုးဟပ်တကောင်ကို မိတာပဲဖြစ်ဖြစ် မမိတာပဲဖြစ်ဖြစ်
သူ့ရဲ့အကြောင်းကို ကျနော်ရေးရမယ်။

နေရိုင်း