အချစ်​​ဟောင်း – 
ကမ်လူဝေး

.

သူ့ရဲ့​တောက်​ပတဲ့ အ​ရောင်​အဝါနဲ့
သစ္စာမဲ့မှုကို ​တွေ့​နေရတယ်

ငါက​တော့ တကယ်​ချစ်​ခဲ့ပါရဲ့
သူက​တော့ မသိနိုင်​ခဲ့

ငါထမ်းတင်​တဲ့ ပခုံးကဒဏ်​ရာထက်
ရင်​ထဲက ပိုနာကျင်​ခဲ့

ဒေါက်​ဖိနပ်​နဲ့ ဖြတ်​​လျောက်​သွားတဲ့​ခြေလှမ်းများ
အဆုံးအစမရှိ ပျက်​စီးခြင်းဆီ ဦးတည်​​နေမှန်း 
ကြည့်​ရင်း ​ကြေကွဲရ

သူနဲ့ငါက
အခုအချိန်​မှာ ဘယ်​လိုများ ဆက်​စပ်​နိုင်​မလဲ

ငါက သူနဲ့မဆိုင်​တဲ့ အ​ဝေးကြီးမှာ
သူက ငါနဲ့မဆိုင်​တဲ့ ​တောက်​​လောင်​မှုထဲမှာ

သူဟာ ငါ့ရဲ့အချစ်​​ဟောင်းလို့
ပြန်​​ပြောင်း​တွေးမိတဲ့ခဏ

ငါဟာ နာကျင်​ရသလို
ငါဟာ လွတ်​​မြောက်​သူလို့ ​ကျေနပ်​ရ
အဆုံးအစမဲ့ ​ကောင်းကင်​ပြာပြာ​အောက်​မှာ။     ။

ကမ်​လူ​ဝေး