ဆင်​ခြင်​တုံတရား ​ချောင်​ပိတ်​ဖမ်းမှုများ – 
ကမ်လူဝေး

.

သိမှုနဲ့ ဆင်​ခြင်​တုံတရားမှာ
အရာရာဟာ အံဝင်​ ဂွင်​ကျမဖြစ်​လှဘူး
အံဝင်​ဂွင်​ကျ မဖြစ်​လှတဲ့ အဖြစ်​​တွေက
လူတကာလက်​ခံ​နေ​သော အဖြစ်​များ။

တဏှာရာဂ လိုဘပြည့်​သွားလို့
ကမ္ဘာ​လောကကြီးကို ပိုင်​ပြီထင်​​နေတဲ့ လူမိုက်​ဟာ
စားပွဲထိပ်​မှာ ​နေရာရ​နေတယ်​။

က​မောက်​ကမ က​ပေါက်​တိ က​ပေါက်​ချာ
ကျင့်​ဝတ်​မရှိ သိက္ခာမရှိ
ကိုယ့်​အတွက်​ ကိုယ်​ကြည့်​တဲ့​နေရာမှာ
ကြိုးစင်​​ပေါ်မ​ရောက်​ခင်​အထိ
သူရဲ​ကောင်းဟန်​​ဆောင်​ခွင့်​ရှိတယ်​။

ဘုရားသခင်​ တကယ်​ရှိသလား
မေတ္တာတရားကြီးမားလွန်း​တော့
အပြစ်​သားကို အပြစ်​​ပေးဖို့
ဘုရားသခင်​ နှာ​စေး​နေတယ်​။

အသက်​ရှူ​နေတာ အသက်​ရှင်​​နေတာမဟုတ်​မှန်း
ကိုယ့်​​ထောင့်​ကျဉ်းကျဉ်း​လေးမှာ
အသက်​ရှူရင်း ​သေ​နေကြတဲ့ ဘဝကြီး​တွေဟာ
ရှင်​​ယောင်​​ဆောင်​ဖို့ ပွဲ​တွေကျင်းပ။

ခွေးကို​ သေ​အောင်​သတ်​ဖို့မလိုဘူး
သူ့​နေရာကျဉ်းကျဉ်း​လေးမှာ ​ချောင်​ပိတ်​ထားလိုက်​တာက
ပိုလွယ်​ကူမှန်း လူလည်​​တွေက သိတယ်​။         ။

ကမ်​လူ​ဝေး