ကြယ်​​တွေနဲ့အတူ – 
လင်းပြည့်အိမ်
.
မြို့ကိုဝင်​ဝင်​ချင်း 
အေးစက်​သိမ်​​မွေ့တဲ့ တမာရနံ့က 
ငါ့ဦး​ခေါင်းကိုစပြီးသိမ်းပိုက်​​​တော့တာပဲ
ကား​ပေါ်ကအဆင်း 
နှင်း​တွေက ငါ့ကိုယ်​​ပေါ် က​သောက​မျောတွယ်​ကပ်​လို့ 
ဆောင်းရဲ့သီချင်းကိုဖွင့်​ပြကြိုဆိုတယ်
မိုး​သောက်​အရုဏ်​ အိမ်​အပြန်​လမ်းမှာ
ကျယ်​ကျယ်​ပြန့်​ပြန့်​ စည်​ကားသိုက်​မြိုက်​​နေတဲ့ မြို့​ကလေး
အနုပညာကိုချစ်​အားကြီးတဲ့ မြို့က​လေး​ရေ 
ငါပြန်​လာ​ပြီကွယ့်
သူငယ်​ချင်း​တွေ​ရေ 
ငါ့အ​ပျော်​​တွေကို မင်းတို့လက်​ခုပ်​ထဲ ထည့်​တီးဖို့ 
ငါပြန်​လာ​ပြီကွယ့်
တွင်းဝင်​​ဖြောင့်​ခဲ့တဲ့ ငါ့အသက်​ရှူသံနဲ့ 
အသစ်တဖန် လူလား​မြောက်ရင်း 
အိပ်​​ပျော်​​နေတဲ့ ကြယ်​​တွေကိုလှုပ်​နှိုးပြီး 
ငါပြန်​လာခဲ့ပြီ မြို့က​လေး ။
လင်းပြည့်အိမ်