ရှေ့သို့လှမ်းချီ ပန်းတိုင်​ဆီ – 
ဘုန်းဉာဏ်

.

ချုံနွယ်ပြိန်းမြက်
တောင်မတ်မတ်လည်း
လှမ်းတက်​​ကျော်​ဖြတ်​…​ရှေ့သို့ဆက်​..။

ရေပြင်​နက်​နက်
ဝဲဂယက်​လည်း
လှော်​ခတ်​ ​ကျော်​ဖြတ်​…​ရှေ့သို့ဆက်​..။

အာကာမိုးထက်
လေပြင်းခတ်​လည်း..
ပျံတက်​​ကျော်​ဖြတ်​…​ရှေ့သို့.ဆက်​..။

သူရိန်နှင်းစက်
မိုးမာန်​ဖျက်​လည်း..
ဇွဲထက်​စိတ်​မြတ်​..​ရှေ့သို့.ဆက်​..။

အခက်အနှောက်
လက်​မ​မြောက်​ဘဲ
ထွင်း​ဖောက်​​ကျော်​ဖြတ်​…​ရှေ့သို့.ဆက်​။

ဘုန်းဉာဏ်