ရှစ်ဆယ့်ရှစ်စိတ်ဓာတ်တွေ – 
ချောမွှေး

.

ဒါက အတု ..
အစစ်က နောက်မှလာမယ်

အာဏာလိုချင်လို့ အာဏာသိမ်းလိုက်​တယ်
ဆူဆူပူပူလုပ်​မယ်​ မကြံနဲ့
ဒါ စစ်​တိုက်​တမ်း ကစား​နေတာမဟုတ်​ဘူး
ဆန္ဒပြတဲ့ကောင်တွေကိုသတ်နေတာ

အဲဒီ​နေ့က

လူမုန်းများတဲ့ အာဏာရူးစကားဆိုတာ
မိုးပေါ်ထောင်မပစ်တဲ့ သေနတ်လား
ကမ္ဘာကျော်သရုပ်ဆောင် အထာနဲ့
မင်းမဲ့နိုင်​ငံမှာ
မင်းမဲ့စရိုက်​​တွေ ကြမ်းပြလိုက်​ပုံ

အဲဒီ​နေ့က

မောင်းခလုတ်ဖြုတ်မယ့် လက်​ညိုးတွေ ရှေ့မှာ
ဒို့အ​ရေး လူမိုက်​​တွေ လမ်းပေါ်ထွက်ပြ
ကျည်​လမ်း​ကြောင်း​ပေါ် ရင်ဘတ်နဲ့ခံ
အရေးတော်ပုံ ခွပ်ဒေါင်းစိတ်ဓါတ်နဲ့
ရဲပ​ဒေါင်းခတ်​​နေတဲ့ သွေးတွေက
ရှစ်ဆယ့်ရှစ် စိတ်ဓာတ်တွေပေါ့

အဲဒီ​နေ့က

နိုင်ငံရေးက
ရှေ့လည်းမတိုး နောက်ဆုတ်ဖို့မလွယ်
သတိနဲ့ကြည့်
သတိနဲ့သွား
စားသတိ အိပ်​သတိ ဆိုရုံ

ဟိုဟာ​ကြောက်​ရ ဒီဟာ​ကြောက်​ရနဲ့
အရာရာ တထိတ်ထိတ် တလန့်​လန့်

အဲသလို
သမိုင်းတွေ ရိုင်းသွားတဲ့ နိုင်​ငံ။

ချော​မွှေး