လူ့ ဂုဏ်​သိက္ခာ – 
ဖိုးရွှေညီမှိုင်း

.

မေးချင်​တယ်​။

တို့က
ဦး​ခေါင်းထဲမှာ ဦး​နှောက်​မပါဘူးလား။
တို့မှာ
လက်​​တွေ ​ခြေ​ထောက်​​တွေ မပါဘူးလား။

သူတို့
လုပ်​ချင်​တိုင်း လုပ်​​နေသမျှ
ငြိမ်​ခံ​နေကြရင်း
တို့ဘဝ​တွေ
ကြွေရမှာလား။

အကုန်​​ ယူသွားပြီးသား
တို့အတွက်​ ဆုံးရှုံးစရာ
ဘာများ ကျန်​​သေးလို့လဲ။

ထပ်​​ပေးစရာ
ဘာများရှိ​သေးလို့လဲ။

ဖိုး​ရွှေညီမှိုင်း
၂၀၁၈ ဇူလိုင်