အနီ​ရောင်​ ရဲရဲ​တောက်​​ – 
ယံဇငြိဏ်း

.

ရှစ်​ဆယ့်​ရှစ်​မှာ သ​န္ဓေယူ
ရှစ်​ဆယ့်​ကိုးမှာ တိုးထွက်
လူသား ငါ့ကို ​သွေးညှီနံ့​တွေနဲ့ မိတ်​ဆက်​။

ငါ့ ​ခြေဖဝါး​အောက်
နှင်းဆီပန်း​တွေအစား
သွေးစ​သွေး​န​တွေ လန့်​ပျံ
စ​ကော်​ပီယံတ​​ကောင်​ရဲ့မနက်​ခင်း​တွေ
ပင်​နယန်သွားလို တ​ထစ်​ခြင်း တ​နှစ်​ခြင်း လည်​ပတ်​​နေ။

သစ်​ပင်​​တွေကို သင်းသတ်​ချင်​ရင်
အ​ခြေက​နေ အကွင်းလိုက်​ အကာကို ဖြတ်​ထုတ်​ရတယ်
ပြီးရင် အနှစ်​အသားမပျက်​ ​သေသွား​ရော။

ပြည်​သူကို သင်းသတ်​ချင်​ရင်​​တော့
ပညာ​ရေးကို ဖျက်ဆီးပြီး
ပညာတတ်​​တွေကို ​ထောင်​ချလိုက်​ရုံပဲ။

ခေတ်​ကို ​ခေါင်းနဲ့တိုက်​ခဲ့ကြတဲ့
အ​မေ
အကို​ အစ်​မတွေ
မိသားစုဝင်​​တွေနဲ့ ဖွဲ့စည်းထားတဲ့
ရဲရဲ​တောက်​​နေ့​တွေအ​ကြောင်း
စာရွက်​ပုံထဲက ​ခေါင်းတိုးကြည့်​ဖူးတယ်
ငါ့မှာ
မျက်​ရည်​လည်​ရွဲ ​သွေးချင်းချင်းရဲလို့ ။

ငါက
ခေတ်​ကို ခါးလည်​က ဖြတ်​ကိုင်​မိလိုက်​တဲ့
ရှစ်​ဆယ့်​ကိုးဖွား
ခွပ်​​ဒေါင်းပုံ တက်​တူးနဲ့
စ​ကော်​ပီယံ အနက်​တ​​ကောင်​​။

ယံဇငြိဏ်း