လှေကားထစ် ၃ဝ – 
စိုးနောင်(မုံရွာ)

.

ချောက်ထဲ ကျဖို့
လက်တလုံး အလိုမှာ
နိုင်ငံဟာ ရပ်နေတယ်
ဒီနေ့ အထိ။

ချောက်ဟာ
ချောက် အတုကြီး။

၁၉၈၈ တုန်းက
ပစ်လိုက်တဲ့ ကျည်ဆန်ဟာ
၂၀၁၈ မျိုးဆက်အထိ လာမှန်နေတုန်းပဲ။

အသက်၊ သွေး၊ ချွေးတွေအများကြီးနဲ့
လှေကားထစ်(၃၀)ကို တည်ဆောက်ခဲ့ကြတယ်
ပြည်သူတွေကို
အလင်းရောင်ပျပျလေး မြင်ရစေဖို့။      ။

စိုးနောင်(မုံရွာ)