နှစ်​များ – 
မင်း​ချောမြင့်

.

ရယ်​​နေလိုက်​ရတာ
ဇာတ်​လမ်းထဲ အဆင်​​ပြေဖို့

အသက်​လို မြတ်​နိုးမိသွားတာ အပြစ်​ပဲ
စိတ်​ရှိလက်​ရှိ ရူးကြည့်​​နေမိတယ်
ပြီး​တော့ ကြယ်​​တွေ ​ရေ​နေမိတာ သက်​​စေ့ပဲ

တရားကို ငါ မ​စောင့်​ချင်​​တော့ပါ

မြစ်​ရိုး​လေး​ကောသွားခဲ့တာ
ရေ​တွေက ​ကျောက်​သားလို ငြိမ်​သွားခဲ့တာ
ငါးဖမ်းသွားတဲ့ သူငယ်​​တွေ​တောင်​ အရုပ်​ဖြစ်​လို့

ငြိမ်​​နေတဲ့ ဇာတ်​ရုပ်​ထဲ ​သေလိုက်​တယ်
ဘုရားစကားလည်း အကြိမ်​ကြိမ်​ နားမ​ထောင်​မိ
အပြစ်​ဖြစ်​ရ​အောင်​လည်း မ​နေမိ

ရယ်​​နေရတာပဲ
ဇာတ်​ဝင်​ခန်း​တွေ ​ပျော်​​အောင်​ ပဲ

မင်း​ချောမြင့်