၈၈၈၈  ဝိညာဉ်​များသို့ –
ငဇ

.

ဘယ်​​မေ့​လေလိမ့်​မလဲ …
မ​မေ့ဘူး
ဘယ်​​တော့မှ ​မေ့မှာမဟုတ်​ဘူး။

သွေး​တိုင်း ​သွေးတိုင်း
အသက်​တိုင်း အသက်​တိုင်း
ယုံကြည်​ခြင်း​အပေါ်
အသက်​ကို တင်​​သွေးခဲ့ကြ။

လက်​သီးဆုပ်​ထဲမှာ
နာကျည်းခြင်းကို ဋ္ဌာပနာထားခဲ့ကြ
တက်​​ခေါက်​သံ မီးအားမြှင့်​။

သေန​တ်​​​တွေကို​ …
တန်ပြန်​​​ လောင်​ကျွမ်း ပစ်​ခတ်
စိတ်​ လက်​ ခန္ဓာ မဆုံးခဲ့ဘူး ​ဟေ့
ကြွေး​ကြော်​ ဟုန်းဟုန်းဆူပွက်
မရပ်​ခဲ့ကြဘူး​ဟေ့။

မငြိမ်းဖို့
ဂ​ဟေ​ဆက်​ခဲ့ကြ 
အမာရွတ်​​တွေ သိပ်​လှ သိပ်​မြ
အမှန်​တရားကို ကျည်​မတိုးဘူး​ဟေ့။

သွေးတစက်​တိုင်း ​သွေးတစက်​တိုင်း
ရာဇဝင်​မရိုင်းခဲ့ဘူး​ဟေ့
သွေးဟာ
သံ​ချေးတက်​တာမျိုးမဟုတ်
အသက်​ဟာ
ရပ်​တန့်​​နေမှာမဟုတ်​။

သွေး​ပေါင်းခတဲ့​နေ့
အသက်​​တွေ တပွက်​ပွက်
ရက်​စက်​မှ ပိုခိုင်​မာ
ရဲစိတ်​ နီပိန်း ဟစ်​ခြိမ်းခဲ့ပြီ​ဟေ့။

ဘယ်​​ခြေ​ထောက်​မှ ရွှံ့နဲ့ လုပ်​မထားဘူး
သမိုင်း​ပေးဒဏ်​ရာ လည်​ပြန်​ရစ်​သ​ရွေ့
ဘယ်​​တော့မှ မ​မေ့ဘူး ​ဟေ့။

ငဇ
(၃ – ၈ – ၂၀၁၈)