အဆင်မပြေလို့ အိမ်မပြန်ဖြစ်သေးတဲ့ တိမ်တွေ – 
ထက်လူအောင်

.

( ၃ )

အဝေးပြေးကားဂိတ်မှာ
ဝယ်မရတော့တဲ့ အိမ်ပြန်လက်မှတ်တစောင်
မီးလောင်သွားတဲ့ အိမ်မက်တခြမ်းမှာ 
အမေ့ အိမ်လိပ်စာလည်း ပါသွား

ဘဏ်ငွေလွှဲကောင်တာကို တလတခါ ပုံမှန်သွားချင်တယ်
ဒီအကြောင်းက 
အိမ်မက်ထဲ ထည့်မက်နေရတဲ့ တခုတည်းသောအရာ

“မြို့ ပြအနာ” တဲ့
တကိုယ်လုံးမှာ ဝဲစွဲသလို
စားစရာအတွက် မီးလောင်ခဲ့
နေစရာအတွက် ရေကြီးခဲ့
အလုပ်အတွက် ငလျင်လှုပ်ခဲ့

ဘေးအန္တရာယ်မျိုးစုံက 
အခါမလပ် ပြေးပြေးဆောင့်တယ်
ရတဲ့နေရာလေးမှာ မတ်မတ်ရပ်
မြို့ ပြရဲ့ ဘတ်စ်ကားပေါ်
နယ်က အိမ်လေးအကြောင်းတွေးရတာလည်း 
ပိုပိုမောလာပေါ့ ။

ထက်လူအောင်

 အပိုင်း(၁)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=43205

အပိုင်း(၂)ကို ဖတ်ရှုရန်
https://thefreedomwave.com/?p=43773