စောင့်ပြီးရင်း စောင့်နေဦး – 
ဖုန်းမောင်

.

(ဘာသာပြန်ကဗျာ)

စောင့်နေဦး စောင့်နေဦး 
ခဏတော့ စောင့်နေဦး။

မင်း ဘယ်နေရာကိုပဲ သွား သွား
မင်း ခဏတော့ စောင့်ရမှာ

မနက်ခင်း နေရောင်ခြည်အတွက် စောင့်ရတယ်
ဘတ်စ်ကားလာတာ စောင့်ရတယ်
ရထားလာတာ စောင့်ရတယ်။

စာသင်ကျောင်းက ပြန်လာတဲ့ 
ကလေးငယ်ကို စောင့်ရတယ်
မနက်စောစောမှာ နွားနို့ပိုတဲ့
ကုလားကို စောင့်ရတယ်။

သတင်းစာပို့တဲ့ ကောင်လေးကို စောင့်ရတယ်
စာပို့သမား လာမလား စောင့်ရတယ်။

သူတို့ ရောက်မလာတဲ့ တိုင်အောင် 
စောင့်ဆိုင်းခြင်းက ဝတ်မပျက် စောင့်ရတယ်
လည်တံကို ဆန့်ပြီး ကြည့်နေရတယ်
လမ်းထောင့်တွေ ချိုးကွေ့ပြီး လာနေတယ်
ဒါပေမယ့် သူတို့ အားလုံး ရောက်မလာသေးပါဘူး။

ငါတို့ အားလုံး စောင့်နေကြတယ်
စာမေးပွဲ အဖြေရလဒ်တွေ သိရဖို့အတွက်။

ငါတို့ အားလုံး စောင့်နေကြတယ်
သားဦး သမီးဦး မြေးဦးတွေ ရဖို့အတွက်။

ငါတို့ အားလုံး စောင့်နေကြတယ်
ငွေတွေ တဖြည်းဖြည်း တိုးလာဖို့အတွက်။

ငါတို့ အားလုံး စောင့်နေကြတယ်
အလုပ်သစ် စလုပ်ဖို့အတွက်။

ပြီးတော့ အချိုသာဆုံးသော မျက်ဝန်းတွေအတွက်
ငါတို့အားလုံး စောင့်နေကြတယ်။

စောင့်ဆိုင်းနေတဲ့ လူငယ်လေးရဲ့ နှလုံးသားကို 
ဘယ်အရာက နှစ်သိမ့်ပေးနေတာလဲ။

အတူနေရဖို့  စောင့်နေတယ်
အတူချစ်ရဖို့ စောင့်နေတယ်
ပြီးရင် သေဖို့လည်း စောင့်နေရှာတယ်။          ။

ဖုန်းမောင်

Waiting and Waiting 

Waiting Waiting

Where ever you go

You’re Waiting,

For the dawn to come,

The inevitable bus and 

The train to come .

Waiting for the kid

To return after school.

Early in the morning,

Waiting for milk-man,

The newspaper-boy,

Postman who else?

Still they haven’t come,

I crane my neck to see them

Coming round the corner,

But all are yet to come.

All of us are waiting,

For examination results,

For the expected baby,

Cash account to fatten,

Waiting to start a job,

And for the sweetest glance,

Which console the young heart,

Waiting to live, love and die.

Radha Ranjani Jayawardena
( Sri Lanka )