၇ ရက် ဇူလိုင် ခုနှစ်သက်တိုင် – 
အုပ်မိုး

.

တံတားဖြူဟာ
ပျောက်သွားတဲ့သူ့အမည်ကို
အခုထိရှာလို့မဆုံးဘူး။

လက်ဆွဲနှုတ်ဆက်သခိုက်
မှောင်မိုက်မယ်မထင်ခဲ့သောတံခါး
ဇာခန်းဆီးတွေကဘဲ
ဇာချဲ့ခဲ့ကြတယ်မဟုတ်လား..။

သူတို့အငုတ်စိတ်က
ခုတ်ထစ်လိုက်ကြပြီ။

ဒီခေါင်းလောင်းကို ထိုးလိုက်ပြီးထဲက
ကျောင်းသားဘဝဆိုတာ
သပ်တွေအကြောင်း အလွတ်ကျက်ခဲ့ရ
သမဂ္ဂဆို နိုင်ငံရေးစကား ထင်တလုံးပြကြတယ်။

ယုံမှားသံသယမရှိ အရူးအကြံမှာ
တကသဟာ ဒိုင်းနမိုက်တွေအောက်
တုန်ခါပြိုကျ ပျောက်ပျက်ခဲ့ရတယ်။

စိတ်ဖောက်နေတဲ့ ဂျီသရီးဟာ
အရူးမျက်ကန်း စပြီးရမ်းခဲ့တဲ့နေ့…
နေဝင်းကောင်စီအစိုးရအောက်
(တော်လှန်ရေးစကားလုံးနဲ့မတန်)
အဆောက်အအုံသာ ပြိုကျပျက်သုဉ်း
အခုတိုင်မရှုံးသော သက်သေသာဓကတွေနဲ့။

ကျောင်းသားတို့သွေးဟာ
အဓိပတိလမ်းမှာ လျှံကျသွားတယ်
နိုင်ငံတော်နဲ့ တက္ကသိုလ်ကိုပေကျံသွားပြီး
အနာဂတ်ကို ပွက်လောရိုတ်သွားတယ်။

ဆဲဗင်းဂျူလိုင်ကိုသာမက
စာသင်ခန်းတွေရဲ့အနာဂတ်ပါ
အမှောင်ကျရိုင်းစိုင်းတဲ့အထိကြံခဲ့တယ်။

ပစ်လက်စ မိုးကြိုးကို
ထန်းလက် စကားလုံးတွေနဲ့ကာလဲ
ဒင်းတို့မျိုးရိုးအဆက်ဆက်
သမိုင်းနဲ့အမှန်တရားမှာ ဆက်ရှုံးနေရလိမ့်ဦးမယ်။

သမိုင်းက..
ခုနှစ်သက် ခုနှစ်ကမ္ဘာ။

အုပ်မိုး
7.July.2018