နား​တွေရှိတဲ့နံရံ – 
မိုးသက်ငြိမ်ဦး

.

ဘယ်​သူမှမသိ​အောင်​​ပြောလိုက်​တဲ့
စကားသံ​တွေ စိုက်​၀င်​​နေတဲ့နံရံ

အ​မှောင်​​တွေကြီးစိုးလာရင်​​တောင်
ပြိုးပြိုးပြက်​ပြက်​ လင်းလက်​လာသလိုအသံများ

အလွမ်း​တွေကို သပ်​ချလိုက်​​တော့
ငါ့နာဖျားမှုဟာ မြင်​မ​ကောင်းဘူး

ကိုယ်​စီသိထားရခြင်း​တွေ သိုသိပ်​​နေရခြင်းကလဲ
အချိန်​အကြာကြီး စိတ်​ကူးယဉ်​လို့မ​ကောင်းဘူး

ဘ၀ဟာ ခါးသည်​ဖြစ်​​စေ ချိုသည်​ဖြစ်​​စေ
မင့်​အမည်​နာမကိုသာ အသက်​ထက်​ဆုံး
ဖက်​တွယ်​သွားမယ် ​ဒီလို ငါဟာ နီရဲခဲ့တယ်

ပဲ့တင်​အထပ်​ထပ်​ပြန်​လာကြတယ်
ချစ်​ခြင်းဖွဲ့ နား​တွေရှိရာ
မလှုပ်​မ​ခြောက် ​နံရံ​တွေက
သေလူလို ငူ​ငေးလို့
ရှင်​သူလို အခါခါ​သေဆုံးလို့
စကားသံ​တွေသာပြန့်​ကြဲလို့
နံရံ​တွေ​ပေါ်မှာ ။ ။

မိုးသက်​ငြိမ်​ဦး
27.6.2017

Credit @ https://www.facebook.com/moethet.nyeinoo