လွမ်းမိတဲ့မိုး – ထက်ဝေး

.

စိမ်းမြသစ်ရွက်တို့ 
မျက်ရည်တွဲလွဲမိုးရာသီ
အလွမ်းနဲ့ ပိတ်မှောင်နေတဲ့
ဟိုး … အဝေး

ခေါ်သံက လွင့်လာသလို
အလို
ဖက်ရွက်ပေါ်ကရေစက်ကလေး
လူးကာလိမ့်ကာနဲ့
ငါ့စိတ်က အတိတ်ကိုမျှော်ခေါ်လို့

အလွမ်းဟာ မိုးစက်တွေကြား
ဟင်းလင်းပြင်ကိုဖြတ်ကာ
တိမ်တွေဆီက သူ့ရုပ်လွှာထံအပြေးနှင်လို့
ခရီးကလွန်နေပြီ

လမ်းကကြမ်းတယ်အချစ်ရယ်
မိုးငွေ့သယ်ဆောင်လာတဲ့လေပြည်ထဲ
ရှိုက်သံလိုလို
မေတ္တာပို့သံလိုလို
မိုးစက်တွေအောက်မှာ 
နှလုံးသားက နာမကျန်းဖြစ်နေခဲ့တယ်။

ထက်ဝေး